သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rai တိုင်ဖုံးမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာသေဆုံးသူ ၃၈၈ ထိ တိုးလာ


မုန်တိုင်း ရိုင်ကြောင့် နေအိမ်ပျက်စီးသွားတဲ့ မိသားစု (၁၂-၂၄-၂၀၂၁)
မုန်တိုင်း ရိုင်ကြောင့် နေအိမ်ပျက်စီးသွားတဲ့ မိသားစု (၁၂-၂၄-၂၀၂၁)

[[Zawgyi/Unicode]]

ဖိလစ်ပိုင်မှာ မကြာခင်က တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်း Rai ကြောင့် သေဆုံးခဲ့သူ တနင်္လာနေ့အထိ လူ ၃၈၈ ယောက် ရှိသွားပြီ လို့ အစိုးရက ပြောပါတယ်။ လူ ၆၀ ပျောက်နေပြီး ရာချီ ဒဏ်ရာရရှိခဲ့ရခဲ့ကြတယ်လို့ ဆိုပါတယ်။

မုန်တိုင်း Rai ဟာ ဖိလစ်ပိုင် တောင်ပိုင်းနဲ့ ဗဟိုအလယ်ပိုင်းကို ဒီဇင်ဘာ ၁၆ နဲ့ ၁၇ ရက်မှာ ဝင်ရောက်ခဲ့တာဖြစ်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်၊ သစ်ပင်တွေ ပြိုလဲ၊ ရေတွေ လွှမ်းမိုးခဲ့ပြီး လူတွေ သိန်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။ မြို့ ၄၃၀ မှာ လူ ၄ သန်း ကျော်ကို မုန်တိုင်း အကူအညီပေးနေတယ်လို့ တာဝန်ရှိသူတွေ က ပြောကြပါတယ်။အဲဒီ မြို့တွေမှာ အိမ်ပေါင်း ၄ သိန်း ၈ သောင်းကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ လူ ၃ သိန်းကျော်ဟာ ယာယီခိုလှုံရာစခန်းတွေမှာ ခိုလှုံနေကြရပြီး လူ ၂ သိန်းကျော်က ဆွေမျိုး မိတ်ဆွေအိမ်တွေမှာ နေထိုင်နေကြရပါတယ်။

ကိုဗစ် ကာကွယ်ဆေး အလုံး ၄,၀၀၀ ကျော် လည်းပျက်စီးခဲ့ရသလို ဆေးရုံ ဆေးခန်းပေါင်း ၁၄၁ ခုလည်း ပျက်စီးခဲ့ပြီး အဲဒီထဲက ၃၀ ပဲ ပြန်ပြင်ဆင် အလုပ်လုပ်နိုင်သေးတယ်လို့ ပြောပါတယ်။

နေရာအနှံ့မှာ သန့်ရှင်းတဲ့ သောက်ရေအခက်အခဲကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါလည်း ဖြစ်ပွါးနေပါတယ်။

ဖိလစ်ပိုင်ကျွန်းတွေကို တနှစ် ပျမ်းမျှ ဆိုင်ကလုံး မုန်တိုင်း ၂၀ ဝင်ရောက်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]








==================

XS
SM
MD
LG