သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေး နှောင့်နှေးမှု ဖိလစ်ပိုင်အစိုးရ တုန့်ပြန်


ဖိလစ်ပိုင်နိုင်ငံ Tacloban မြို့ က မုန်တိုင်းဘေးဒုက္ခသည်များကို တွေ့ရစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)။
ဖိလစ်ပိုင်နိုင်ငံ Tacloban မြို့ က မုန်တိုင်းဘေးဒုက္ခသည်များကို တွေ့ရစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)။
ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်း ဟိုင်ရန် တိုက်ခတ်ခဲ့ပြီး ၁ ပတ်ကျော် ကြာလာခဲ့ချိန် နိုင်ငံအလယ်ပိုင်းမှာ အပျက်အစီး အညစ်အကြေး အပိုင်းအစတွေ ကျန်ရစ်နေဆဲဖြစ်ပြီး လူတွေအများအပြား အကူအညီတွေ မရကြသေးသလို၊ တချို့လူတွေဆိုရင် အုန်းရေကိုသောက်ပြီး အသက်ဆက်နေကြရတယ်လို့ ကျန်းမာရေးအရာရှိတဦးက ပြောပါတယ်။ လူတွေသေကြေခဲ့ရတဲ့ မုန်တိုင်း တိုက်ခတ်ခဲ့တာ တပတ်ကျော်လာခဲ့ပြီဖြစ်ပေမဲ့ လူ အတော်များများဟာ အကူအညီ အနည်းငယ်ပဲ ရတာ၊ ဒါမှမဟုတ် လုံး၀ မရတဲ့ အခြေအနေမှာ ရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်အစိုးရကတော့ မုန်တိုင်းသင့်သူတွေကို အကူအညီတွေ ဖြန့်ဝေပေးနေတဲ့အကြောင်း ခုခံ ပြောဆိုနေပါတယ်။ ခုလို အခြေအနေမျိုးမှာ အလျင်အမြန်ဆောင်ရွက် နိုင်ဖို့ဟာ အရေးကြီးဆုံးကိစ္စ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Mar Roxas က ပြောပါတယ်။

မုန်တိုင်းဒဏ် အပြင်းအထန် ခံလိုက်ရတဲ့ Tacloban မှာ သောကြာနေ့က ပြည်ထဲရေးဝန်ကြီးက ပြောခဲ့တာမှာ ချက်ချင်း ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေ ကြီးမားလွန်းပြီး လူတိုင်းဆီကို အကူအညီ ရောက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် သေဆုံးသူတွေရဲ့ တရားဝင် အရေအတွက်ဟာ အခုဆိုရင် သုံးထောင် ခြောက်ရာ နှစ်ဆယ့် တစ်ယောက် ရှိသွားပြီလို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ အကြီးအကဲ Eduardo del Rosario က သတင်းထောက်တွေကို ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် ရေတပ်ကတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းကြီးတွေကို ကြာသပတေးနေ့က စတင်ဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန် USS George Washington လေယာဉ်တင် စစ်သင်္ဘောကြီးနဲ့အတူ ထောက်ပို့ရေယာဉ် ၇ စင်း ဟာ ရေနဲ့ အရေးပေါ် အကူအညီတွေကို Tacloban မြို့ကို စတင်ဖြန့်ဝေပေးနေပြီဖြစ်ပါတယ်။
XS
SM
MD
LG