သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ်ရက်စက်မှု PHR အစီရင်ခံစာ


Bangladesh Rohingya
Bangladesh Rohingya

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း ကြပ်ပြင် ကျေးရွာက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်တွေနဲ့ ရခိုင် ရွာသားတွေက အကြီးအကျယ် တိုက်ခိုက် သတ်ဖြတ်ခဲ့ တယ်ဆိုတာ စစ်ဆေး တွေ့ရှိတယ်လို့ New York မြို့အခြေစိုက် လူ့အခွင့်အရေး သမားတော်များအဖွဲ့ PHR က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ရိုဟင်ဂျာရွာသားတွေ အပေါ် တိုက်ခိုက်သူတွေက သတ်ဖြတ်၊ ရိုက်နှက်၊ ဓါးနဲ့ထိုး၊ မုဒိမ်းကျင့်၊ နေအိမ်တွေ မီးရှို့စတဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေ ကျယ်ကျယ် ပြန့်ပြန့် လုပ်ခဲ့တဲ့ ဆေးပညာအရ အထောက်အထားတွေ တေ့ွရှိခဲ့တယ်လို့ ပြောပါတယ်။

PHR က ကြပ်ပြင်ရွာမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအပေါ် အဓိကထား စုံစမ်း ခဲ့တာမှာ ၂၀၁၇ ခုနှစ်ထဲ အောက်တိုဘာ ကစပြီး Bangladesh နိုင်ငံကို ၃ ကြိမ် သွားကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုမှာ အသက်ရှင်ကျန်တဲ့ အမျိုးသား အမျိုးသမီးနဲ့ ကလေးငယ် ၂၂ ယောက်ကို မှုခင်းဆေးပညာနဲ့စစ်ဆေးမှုတွေ၊ တေ့ွဆုံ မေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီသူတွေဆီမှာ သေနတ် ဒဏ်ရာတွေ၊ တုတ်နဲ့ရိုက်ခံရတဲ့ ဒဏ်ရာတွေ၊ စုတ်ပြတ် ပေါက်ပြဲတဲ့ဒဏ်ရာတွေ အပြင် တခြားဆိုးဝါးတဲ့ ဒဏ်ရာတွေ ရခဲ့တယ်ဆိုတာ ဆေးပညာအရ သက်သေ အထောက်အထားတွေ တေ့ွခဲ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ကလေးငယ်တွေအပါအဝင် ကြပ်ပြင်ရွာသား ၄၀၀ လောက် August လ ၂၇ ရက်နေ့က သတ်ဖြတ်ခံရ ဒါမှ မဟုတ် ပျောက်ဆုံးသွားတယ်လို့လည်း အစီရင် ခံစာမှာ ပြောထားပါတယ်။ အဲဒီထဲမှာ ဖမ်းဆီးခေါ်ဆောင်ခံ သွားရတဲ့ အမျိုးသား ၅၀ ကိုလည်း ဘယ်တော့မှ ပြန်မတေ့ွတော့ဘူးလို့ဆိုပါတယ်။ မူခင်းဆေးပညာနဲ့ စစ်ဆေးမှု အရရော တသတ်မတ်တည်းဖြစ်တဲ့ ထွက်ဆိုချက်တွေအရတင်မက တခြားခိုင်လုံစိတ်ချရတဲ့ အချက်အလက်တွေအရ ကြပ်ပြင်ကျေးရွာမှာဖြစ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေက မြန်မာ အာဏာပိုင်တွေရဲ့ ရိုဟင်ဂျာတွေ အပေါ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်မှု ဥပမာတခုဖြစ်ပြီး လူသားတွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ လူ့အခွင့် အရေး သမားတော်များအဖွဲ့ PHR ကပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို မြန်မာ အစိုးရဘက်ကတော့ အသိအမှတ်ပြုလက်ခံခြင်းမရှိပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG