{Zawgyi/Unicode}
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈနဲ႔ စြပ္စြဲခ်က္အတြက္ ဒီကေန႔ ေနျပည္ေတာ္ တရား႐ုံးခ်ိန္းမွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းက စစ္ေကာင္စီဘက္ကေန သက္ေသထြက္ဆိုခဲ့ပါတယ္။ ဒါ့အျပင္ ေနာက္တိုးအမႈနဲ႔ ထပ္ၿပီးစြဲတယ္ဆိုတာ စာပို႔ထားတယ္လို႔လည္း ေရွ႕ေနျဖစ္သူကေျပာပါတယ္။ ဒီကေန႔ တရားခြင္အေျခအေန သိထားရသမွ် ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ ဆိုတာ ရာထူးအာဏာကို အလြဲသုံးစားလုပ္ၿပီး ေငြေၾကး၊ လက္ေဆာင္ေတြ၊ ကိုယ္က်ိဳးအတြက္ ရယူခဲ့သူေတြကို တရားစြဲဆိုတဲ့ ဥပေဒပုဒ္မတခုျဖစ္ၿပီး အျမင့္ဆုံး ေထာင္ဒဏ္ ၁၅ ႏွစ္ထိ ခ်မွတ္ႏိုင္ပါတယ္။
အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈ ၄ မႈတပ္ၿပီး မႏၲေလးမွာ တရားစြဲခဲ့တာကို ေနျပည္ေတာ္မွာေျပာင္းေ႐ႊ႕ၿပီး ဒီကေန႔ ပထမဆုံး စတင္ၾကားနာတာမွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ဦးၿဖိဳးမင္းသိန္းက စစ္ေကာင္စီသက္ေသအေနနဲ႔ လာေရာက္ထြက္ဆိုခဲ့တယ္လို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗြီအိုေအကိုေျပာပါတယ္။
"ဦးၿဖိဳးမင္းသိန္းက ေဒၚလာနဲ႔ ေ႐ႊေခ်ာင္းေတြေပးတာ လက္ခံတာကို စစစ္ပါတယ္။ အဲဒီအမႈအေနနဲ႔ အရပ္သား သက္ေသတေယာက္ကိုေခၚတာမွာ ေရာက္လာေတာ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းပါ။ အဓိကစစ္ေမးခ်က္(ကေတာ့) ခင္ဗ်ားတို႔ က်ေနာ္တို႔ ဗီဒီယိုနဲ႔႐ိုက္ထားတဲ့ ေတြ႔တဲ့အတိုင္းေပါ့ဗ်ာ။ အဲဒီအတိုင္းပဲ ထြက္သြားတယ္။ သူ႔အေနနဲ႔ကေတာ့ ညႇိဳးညႇိဳးငယ္ငယ္ပဲ၊ ျပန္လွန္ေမးကေတာ့ လာမယ့္ ၈ ရက္ေန႔မွ ဦးၿဖိဳးမင္းသိန္းျပန္လာပါမယ္။ က်ေနာ္တို႔ျပန္လွန္ေမးရပါမယ္၊ စိတ္ဝင္စားစရာ အဲဒီအခ်ိန္ျဖစ္ပါမယ္။
.... ဦးၿဖိဳးမင္းသိန္းက ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ကျဖတ္သြားရတာ မ်က္ႏွာေမာ့မၾကည့္ဘူး၊ ငုံ႔သြားတယ္။ ႏႈတ္ဆက္တာမေျပာနဲ႔ ေမာ့ေတာင္မၾကည့္သြားဘူး။ ေဒၚ ေအာင္ဆန္းစုၾကည္ကေတာ့ ခင္ဗ်ားတို႔သိတဲ့အတိုင္း ဒီလိုပဲ အသာတၾကည္ ၾကည့္ေနတာပါပဲ။"
အဂတိဆိုင္ရာ အမႈ ၄ မႈမွာ ဒၚေအာင္ဆန္းစုၾကည္တဦးတည္းကို သီးသန႔္စြဲဆိုထားတာ ၂ မႈ၊ တျခားသူေတြနဲ႔ ပူးတြဲစြဲဆိုခံထားရတာ ၂ မႈပါဝင္ၿပီး ေနျပည္ေတာ္ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္၊ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္း ဦးတို႔နဲ႔ ပူးတြဲ ၁ မႈ၊ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီအဖြဲ႔ဝင္ ဦးမင္းသူ၊ ေဒါက္တာမ်ိဳးေအာင္တို႔ နဲ႔ ပူးတြဲတမႈဆိုၿပီး အဂတိဥပေဒနဲ႔ စြဲဆိုထားတာျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ အဲဒီေလးမႈထဲက တဦးတည္း ၂ မႈနဲ႔ ပူးတြဲ ၁ မႈ ေပါင္း ၃ မႈကို စစ္ေဆးခဲ့ပါတယ္။
"ဦးၿဖိဳးမင္းသိန္းက ေဒၚလာနဲ႔ ေ႐ႊေခ်ာင္းေတြေပးတာ၊ လက္ခံတာကို စစစ္ပါတယ္။ အရပ္သားသက္ေသတေယာက္ကိုေခၚတာ ေရာက္လာေတာ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းပါ။ အဓိက စစ္ေမးခ်က္ ခင္ဗ်ားတို႔ က်ေနာ္တို႔ ဗီဒီယိုနဲ႔႐ိုက္ထားတဲ့ ေတြ႕တဲ့အတိုင္းေပါ့ဗ်ာ။ ... လာမယ့္ ၈ ရက္ေန႔မွ ဦးၿဖိဳးမင္းသိန္းျပန္လာပါမယ္။ က်ေနာ္တို႔ျပန္လွန္ေမးရပါမယ္၊ စိတ္ဝင္စားစရာ အဲဒီအခ်ိန္ျဖစ္ပါမယ္။” (ဦးခင္ေမာင္ေဇာ္၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေန)
ဦးၿဖိဳးမင္းသိန္းအျပင္ တျခားသက္ေသတဦးလည္း ဒီေန႔ထြက္ဆိုခဲ့သလို အမႈေတြရဲ႕တရားလိုျဖစ္သူ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးက စုံစမ္းစစ္ေဆးေရးမႉးလည္း ထြက္ဆိုခဲ့တယ္လို႔ ေရွ႕ေနေတြကေျပာပါတယ္။
ေနာက္႐ုံးခ်ိန္းျပန္ေခၚဖို႔အတြက္ တရား႐ုံးက သက္ေသေတြရဲ႕သေဘာထားကိုေမးတဲ့အခါ ဦးၿဖိဳးမင္းသိန္းက သူ႔ကို တခါတည္း စစ္ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ တရား႐ုံးက ၈ ရက္ေန႔ကို ျပန္ခ်ိန္းခဲ့တယ္လို႔ ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။
"ဦးၿဖိဳးမင္းသိန္းက သူက သူ႔အစီအစဥ္နဲ႔ သူလာရတာမဟုတ္ပါဘူး။ အဲဒီအခါက်ေတာ့ သူဆုံးျဖတ္လို႔မရပါဘူးတဲ့၊ အဲဒီလိုေျပာတယ္။ ေနာက္ သူ႔က်န္းမာေရးက ဆိုးတယ္ဆိုတဲ့အေၾကာင္း၊ ကိုဗစ္ျဖစ္တဲ့အေၾကာင္းေတြေျပာပါတယ္။ လာရတာခက္ခဲလို႔ စစ္လိုက္ဖို႔ေျပာတယ္။ ဒါေပမယ့္ တရားသူႀကီးကေတာ့ ၈ ရက္ေန႔ခ်ိန္းေပးလိုက္မယ္ ဆုံးျဖတ္တယ္။ ျပန္လွန္ေမးအတြက္ေပါ့။ က်န္တဲ့အမႈ ဆက္စစ္မယ္ဆိုေတာ့ အဲမွာရပ္သြားတယ္။ ျပန္လွန္ေမးအတြက္ ၈ ရက္ေန႔က်ရင္ ဦးၿဖိဳးမင္းသိန္းျပန္လာပါမယ္။"
ဒီအဂတိအမႈေတြကို တပတ္ျခားတခါ ေသာၾကာေန႔တိုင္းစစ္ဖို႔ မူလက ဆုံးျဖတ္ထားတာကေန အပတ္စဥ္ ေသာၾကာေန႔တုိင္း စစ္မယ္ဆိုၿပီးေတာ့လည္း ဒီကေန႔ ျပင္ဆင္သတ္မွတ္တာပါ။
ေဒၚေအာင္ဆန္းစုၾကည္ဟာ အမႈ ၁၁ မႈအတြက္ အပတ္စဥ္ တနလၤာ၊ အဂၤါ၊ ၾကာသပေတးေန႔ေတြတိုင္း ၾကားနာစစ္ေဆးမႈေတြ ခံေနရတာျဖစ္ၿပီး ဒီအမႈ ၄ မႈအပါအဝင္ဆိုရင္ ရက္သတၱပတ္ တပတ္လုံးနီးပါး စစ္ေဆးခံရမွာျဖစ္ပါတယ္။
ဒီကေန႔မွာပဲ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက ေနာက္အမႈထပ္တိုးတဲ့အေၾကာင္း ဆင့္ေခၚစာ ေဒၚေအာင္ဆန္းစုၾကည္ဆီ တိုက္႐ိုက္ေပးခဲ့ၿပီး အေသးစိတ္ကို မသိရေသးဘူးလို႔ ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။
"မသိေသးဘူးဗ်။ သူ႔ဆီ ဆင့္စာခ်တာေပါ့။ စြဲလာတဲ့ေနာက္ထပ္တမႈေပါ့၊ ဆင့္စာပဲခ်တာ၊ သူ႔လက္ထဲထည့္ေပးလိုက္ရတာ။ လာမယ့္ တနလၤာေန႔က်မွ ေတြ႔တဲ့အခါ ေျပာျပမွာေပါ့ဗ်ာ။ ဆက္တိုက္စစ္လာတာကေတာ့ သူတို႔ကေတာ့ အမႈျမန္ဆန္ေအာင္ေျပာတာေပါ့၊ ဒါေပမယ့္ ပင္ပန္းတာေကာ ေနာက္ၿပီးေတာ့ ျပင္ဆင္မႈမရွိဘဲနဲ႔ ျပင္ဆင္မႈ အေလာတႀကီးလုပ္ရတာမို႔ ကာကြယ္ခုခံဖို႔ လမ္းေၾကာင္းခ်ရတာ နည္းနည္းအခက္အခဲရွိတာေပါ့။"
ေဒၚေအာင္ဆန္းစုၾကည္ဟာ ဦးၿဖိဳးမင္းသိန္းဆီက တံစိုးလက္ေဆာင္အျဖစ္ အေမရိကန္ေဒၚလာ ၆ သိန္းနဲ႔ အကယ္ဒမီအေခါက္ေ႐ႊ ၇ ပိႆာကို သုံးႀကိမ္ခြဲယူတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ သူ႔တဦးတည္းကို စြဲဆိုထားတာအျပင္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ပတ္သက္လို႔ ေျမေနရာယူတာမွာ ရာထူးအရွိန္အဝါကိုသုံးၿပီး ထိုက္သင့္တဲ့တန္ဖိုးထက္ မ်ားစြာေလ်ာ့နည္းၿပီးေတာ့ ရယူခဲ့လို႔စုစုေပါင္း ျမန္မာက်ပ္ေငြ ဘီလီယံ ၂၀ ေက်ာ္ ႏိုင္ငံေတာ္က နစ္နာေစခဲ့တယ္ စတဲ့ စြပ္စြဲခ်က္ေတြနဲ႔ တရားစြဲထားတာျဖစ္ပါတယ္။
ဒီကေန႔ ၾကားနာတဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ ဆိုတာ ရာထူးအာဏာကို အလြဲသုံးစားလုပ္ၿပီး ေငြေၾကး၊ လက္ေဆာင္ေတြ ကိုယ္က်ိဳးအတြက္ ရယူခဲ့သူေတြကို တရားစြဲဆိုတဲ့ ဥပေဒပုဒ္မတခုျဖစ္ၿပီးေတာ့ အျမင့္ဆုံး ေထာင္ဒဏ္ ၁၅ ႏွစ္ထိ ခ်မွတ္ႏိုင္တဲ့ပုဒ္မျဖစ္ပါတယ္။
---------
{Zawgyi/Unicode}
ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားမှုစွဲချက် စစ်ကောင်စီသက်သေအဖြစ် ဦးဖြိုးမင်းသိန်းထွက်ဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွပ်စွဲချက်အတွက် ဒီကနေ့ နေပြည်တော် တရားရုံးချိန်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက စစ်ကောင်စီဘက်ကနေ သက်သေထွက်ဆိုခဲ့ပါတယ်။ ဒါ့အပြင် နောက်တိုးအမှုနဲ့ ထပ်ပြီးစွဲတယ်ဆိုတာ စာပို့ထားတယ်လို့လည်း ရှေ့နေဖြစ်သူကပြောပါတယ်။ ဒီကနေ့ တရားခွင်အခြေအနေ သိထားရသမျှ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဆိုတာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ငွေကြေး၊ လက်ဆောင်တွေ၊ ကိုယ်ကျိုးအတွက် ရယူခဲ့သူတွေကို တရားစွဲဆိုတဲ့ ဥပဒေပုဒ်မတခုဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၄ မှုတပ်ပြီး မန္တလေးမှာ တရားစွဲခဲ့တာကို နေပြည်တော်မှာပြောင်းရွှေ့ပြီး ဒီကနေ့ ပထမဆုံး စတင်ကြားနာတာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက စစ်ကောင်စီသက်သေအနေနဲ့ လာရောက်ထွက်ဆိုခဲ့တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကိုပြောပါတယ်။
"ဦးဖြိုးမင်းသိန်းက ဒေါ်လာနဲ့ ရွှေချောင်းတွေပေးတာ လက်ခံတာကို စစစ်ပါတယ်။ အဲဒီအမှုအနေနဲ့ အရပ်သား သက်သေတယောက်ကိုခေါ်တာမှာ ရောက်လာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါ။ အဓိကစစ်မေးချက်(ကတော့) ခင်ဗျားတို့ ကျနော်တို့ ဗီဒီယိုနဲ့ရိုက်ထားတဲ့ တွေ့တဲ့အတိုင်းပေါ့ဗျာ။ အဲဒီအတိုင်းပဲ ထွက်သွားတယ်။ သူ့အနေနဲ့ကတော့ ညှိုးညှိုးငယ်ငယ်ပဲ၊ ပြန်လှန်မေးကတော့ လာမယ့် ၈ ရက်နေ့မှ ဦးဖြိုးမင်းသိန်းပြန်လာပါမယ်။ ကျနော်တို့ပြန်လှန်မေးရပါမယ်၊ စိတ်ဝင်စားစရာ အဲဒီအချိန်ဖြစ်ပါမယ်။
.... ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ရှေ့ကဖြတ်သွားရတာ မျက်နှာမော့မကြည့်ဘူး၊ ငုံ့သွားတယ်။ နှုတ်ဆက်တာမပြောနဲ့ မော့တောင်မကြည့်သွားဘူး။ ဒေါ် အောင်ဆန်းစုကြည်ကတော့ ခင်ဗျားတို့သိတဲ့အတိုင်း ဒီလိုပဲ အသာတကြည် ကြည့်နေတာပါပဲ။"
အဂတိဆိုင်ရာ အမှု ၄ မှုမှာ ဒါ်အောင်ဆန်းစုကြည်တဦးတည်းကို သီးသန့်စွဲဆိုထားတာ ၂ မှု၊ တခြားသူတွေနဲ့ ပူးတွဲစွဲဆိုခံထားရတာ ၂ မှုပါဝင်ပြီး နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်း ဦးတို့နဲ့ ပူးတွဲ ၁ မှု၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူ၊ ဒေါက်တာမျိုးအောင်တို့ နဲ့ ပူးတွဲတမှုဆိုပြီး အဂတိဥပဒေနဲ့ စွဲဆိုထားတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဲဒီလေးမှုထဲက တဦးတည်း ၂ မှုနဲ့ ပူးတွဲ ၁ မှု ပေါင်း ၃ မှုကို စစ်ဆေးခဲ့ပါတယ်။
ဦးဖြိုးမင်းသိန်းအပြင် တခြားသက်သေတဦးလည်း ဒီနေ့ထွက်ဆိုခဲ့သလို အမှုတွေရဲ့တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက စုံစမ်းစစ်ဆေးရေးမှူးလည်း ထွက်ဆိုခဲ့တယ်လို့ ရှေ့နေတွေကပြောပါတယ်။
နောက်ရုံးချိန်းပြန်ခေါ်ဖို့အတွက် တရားရုံးက သက်သေတွေရဲ့သဘောထားကိုမေးတဲ့အခါ ဦးဖြိုးမင်းသိန်းက သူ့ကို တခါတည်း စစ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တရားရုံးက ၈ ရက်နေ့ကို ပြန်ချိန်းခဲ့တယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။
"ဦးဖြိုးမင်းသိန်းက သူက သူ့အစီအစဉ်နဲ့ သူလာရတာမဟုတ်ပါဘူး။ အဲဒီအခါကျတော့ သူဆုံးဖြတ်လို့မရပါဘူးတဲ့၊ အဲဒီလိုပြောတယ်။ နောက် သူ့ကျန်းမာရေးက ဆိုးတယ်ဆိုတဲ့အကြောင်း၊ ကိုဗစ်ဖြစ်တဲ့အကြောင်းတွေပြောပါတယ်။ လာရတာခက်ခဲလို့ စစ်လိုက်ဖို့ပြောတယ်။ ဒါပေမယ့် တရားသူကြီးကတော့ ၈ ရက်နေ့ချိန်းပေးလိုက်မယ် ဆုံးဖြတ်တယ်။ ပြန်လှန်မေးအတွက်ပေါ့။ ကျန်တဲ့အမှု ဆက်စစ်မယ်ဆိုတော့ အဲမှာရပ်သွားတယ်။ ပြန်လှန်မေးအတွက် ၈ ရက်နေ့ကျရင် ဦးဖြိုးမင်းသိန်းပြန်လာပါမယ်။"
ဒီအဂတိအမှုတွေကို တပတ်ခြားတခါ သောကြာနေ့တိုင်းစစ်ဖို့ မူလက ဆုံးဖြတ်ထားတာကနေ အပတ်စဉ် သောကြာနေ့တိုင်း စစ်မယ်ဆိုပြီးတော့လည်း ဒီကနေ့ ပြင်ဆင်သတ်မှတ်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမှု ၁၁ မှုအတွက် အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနေ့တွေတိုင်း ကြားနာစစ်ဆေးမှုတွေ ခံနေရတာဖြစ်ပြီး ဒီအမှု ၄ မှုအပါအဝင်ဆိုရင် ရက်သတ္တပတ် တပတ်လုံးနီးပါး စစ်ဆေးခံရမှာဖြစ်ပါတယ်။
"ဦးဖြိုးမင်းသိန်းက ဒေါ်လာနဲ့ ရွှေချောင်းတွေပေးတာ၊ လက်ခံတာကို စစစ်ပါတယ်။ အရပ်သားသက်သေတယောက်ကိုခေါ်တာ ရောက်လာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပါ။ အဓိက စစ်မေးချက် ခင်ဗျားတို့ ကျနော်တို့ ဗီဒီယိုနဲ့ရိုက်ထားတဲ့ တွေ့တဲ့အတိုင်းပေါ့ဗျာ။ ... လာမယ့် ၈ ရက်နေ့မှ ဦးဖြိုးမင်းသိန်းပြန်လာပါမယ်။ ကျနော်တို့ပြန်လှန်မေးရပါမယ်၊ စိတ်ဝင်စားစရာ အဲဒီအချိန်ဖြစ်ပါမယ်။” (ဦးခင်မောင်ဇော်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ)
ဒီကနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နောက်အမှုထပ်တိုးတဲ့အကြောင်း ဆင့်ခေါ်စာ ဒေါ်အောင်ဆန်းစုကြည်ဆီ တိုက်ရိုက်ပေးခဲ့ပြီး အသေးစိတ်ကို မသိရသေးဘူးလို့ ဦးခင်မောင်ဇော်ကပြောပါတယ်။
"မသိသေးဘူးဗျ။ သူ့ဆီ ဆင့်စာချတာပေါ့။ စွဲလာတဲ့နောက်ထပ်တမှုပေါ့၊ ဆင့်စာပဲချတာ၊ သူ့လက်ထဲထည့်ပေးလိုက်ရတာ။ လာမယ့် တနင်္လာနေ့ကျမှ တွေ့တဲ့အခါ ပြောပြမှာပေါ့ဗျာ။ ဆက်တိုက်စစ်လာတာကတော့ သူတို့ကတော့ အမှုမြန်ဆန်အောင်ပြောတာပေါ့၊ ဒါပေမယ့် ပင်ပန်းတာကော နောက်ပြီးတော့ ပြင်ဆင်မှုမရှိဘဲနဲ့ ပြင်ဆင်မှု အလောတကြီးလုပ်ရတာမို့ ကာကွယ်ခုခံဖို့ လမ်းကြောင်းချရတာ နည်းနည်းအခက်အခဲရှိတာပေါ့။"
ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီက တံစိုးလက်ဆောင်အဖြစ် အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာကို သုံးကြိမ်ခွဲယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့တဦးတည်းကို စွဲဆိုထားတာအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်လို့ မြေနေရာယူတာမှာ ရာထူးအရှိန်အဝါကိုသုံးပြီး ထိုက်သင့်တဲ့တန်ဖိုးထက် များစွာလျော့နည်းပြီးတော့ ရယူခဲ့လို့စုစုပေါင်း မြန်မာကျပ်ငွေ ဘီလီယံ ၂၀ ကျော် နိုင်ငံတော်က နစ်နာစေခဲ့တယ် စတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။
ဒီကနေ့ ကြားနာတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဆိုတာ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး ငွေကြေး၊ လက်ဆောင်တွေ ကိုယ်ကျိုးအတွက် ရယူခဲ့သူတွေကို တရားစွဲဆိုတဲ့ ဥပဒေပုဒ်မတခုဖြစ်ပြီးတော့ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။
WhatIsHappeningInMyanmar #MyanmarMilitaryCoup #DawAungSanSuuKyi #PhyoMinThein #voaburmese #စစ်အာဏာသိမ်းမှု #ဒေါ်အောင်ဆန်းစုကြည် #ဦးဖြိုးမင်းသိန်း #ဗွီအိုအေမြန်မာပိုင်း