သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဖြိုးဇေယျာသော်ကို ဖမ်းထားကြောင်း စစ်ကောင်စီ အတည်ပြုထုတ်ပြန်


NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ခေတ်ပေါ်တေးဂီတအဆိုတော်လည်းဖြစ်တဲ့ ဦးဖြိုးဇေယျာသော် (သြဂုတ်လ ၂၄၊ ၂၀၁၅)
NLD ပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ခေတ်ပေါ်တေးဂီတအဆိုတော်လည်းဖြစ်တဲ့ ဦးဖြိုးဇေယျာသော် (သြဂုတ်လ ၂၄၊ ၂၀၁၅)

{{Zawgyi/Unicode}}

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၈ ရက်၊ ကြာသပတေးနေ့က ဖမ်းဆီးခဲ့တယ်ဆိုတာ စစ်ကောင်စီက ဒီကနေ့ အတည်ပြု ထုတ်ပြန်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာက တိုက်ခန်းတခုထဲမှာ လက်နက်ခဲယမ်းတချို့နဲ့ အတူ ဦးဖြိုးဇေယျာသော်ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီကဆိုပါတယ်။ လက်ရှိ သူ့ကို ဘယ်မှာ ထိန်းသိမ်း ထားတယ်၊ ဘယ်လိုပုဒ်မတွေနဲ့ စွဲချက်တင်ထားတယ်၊ ဥပဒေကြောင်းအရ ရှေ့နေရှေ့ရပ်နဲ့ ကိုယ်စားပြုခွင့် ပေးထားမထား စတာတွေနဲ့ပတ်သက်တဲ့ အသေးစိတ်တွေတော့ ထုတ်ပြန်ချက်ထဲမှာမပါဘဲ ဆက်လက် ထုတ်ပြန်သွားမယ်လို့ပဲ ပါရှိပါတယ်။

ရန်ကုန်တဝိုက်မှာဖြစ်ခဲ့တဲ့ ပစ်ခတ် သတ်ဖြတ်မှုတချို့ကို ဦးဖြိုးဇေယျာသော်က နောက်ကွယ်က ကြိုးကိုင် စီစဉ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဦးဖြိုးဇေယျာသော်ကို ဖမ်းပြီးတဲ့နောက် ကြာသပတေးနေ့က ရန်ကုန်မြို့ နေရာတချို့မှာ စစ်တပ်နဲ့ရဲက အင်အားအလုံးအရင်းနဲ့ ဝင်ပြီးရှာတာတွေရှိခဲ့ပေမယ့် နောက်ထပ် အဖမ်းအဆီးသတင်းတွေတော့ ထွက်မလာသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကတော့ အမျိုးသား အယောက် ၄၀ နဲ့ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၄၇ ယောက်ကို လက်နက် ခဲယမ်းတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းမိထားတယ်လို့ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားပါတယ်။ အဲဒီလူတွေကိုလည်း ရန်ကုန်မြို့တဝိုက်မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ စွပ်စွဲထားပါ တယ်။

စစ်တပ်က အာဏာသိမ်းယူခဲ့တာ ၉ လကျော်လာပြီဖြစ်ပေမယ့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တာ တွေ ဆက်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီကလည်း ဖမ်းဆီးတာတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

တိုက်ရိုက် လင့်ခ်


===============

{{Unicode}}









===============

XS
SM
MD
LG