အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း San Francisco နိုင်ငံတကာ လေဆိပ်ကိုအဆင်း စနေနေ့က ပျက်ကျသွားခဲ့တဲ့ ကိုရီးယားနိုင်ငံအခြေစိုက် Asiana လေကြောင်းလိုင်းက ပိုင်းလော့ဟာ သူမောင်းလာတဲ့ ဘိုးရင်း 777 လေယာဉ် အမောင်းသင်နေတုန်းဖြစ်ပြီး သူ့အနေနဲ့ ဆန်ဖရန်စစ္စကို လေဆိပ်ကို ဒီလောက်ကြီးတဲ့ လေယာဉ်နဲ့ ပထမဆုံးအကြိမ် ဆင်းဖို့ ကြိုးစားခြင်းဖြစ်တယ်လို့ Asiana လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီပိုင်းလော့အနေနဲ့ လေယာဉ်မောင်းသက် နာရီပေါင်း ၉ ထောင်ကျော်ရှိပေမဲ့ ဘိုးရင်း 777 ကို မောင်းသက်ကတော့ ၄၃ နာရီပဲ ရှိတယ်လို့ Asiana လေကြောင်းလိုင်း တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။ ပိုပြီး အတွေ့အကြုံရှိတဲ့ ပူးတွဲ ပိုင်းလော့ကတော့ ဘေးမှာရှိနေပြီး သူ့ကို သင်ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လေယာဉ် ဘာကြောင့် ပျက်ကျတယ်ဆိုတာ အခုချိန်ပြောဖို့ စောလွန်းသေးပေမဲ့ လေယာဉ်ဟာ လိုအပ်တာထက် အရှိန်အတော်လေး မြင့်ပြီး မောင်းနေတယ်ဆိုတာ လေယာဉ်မှတ်တမ်းတွေအရ တွေ့ရှိခဲ့တယ်လို့ NTSB အမျိုးသား ပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ အကြီးအကဲ Deborah Hersman က သတင်းထောက်တွေကို တနင်္ဂနွေနေ့မှာ ပြောပါတယ်။ လေယာဉ်ဆင်းမယ့် အစီအစဉ်ကို ဖျက်ပစ်ဖို့ နှုတ်နဲ့ သတိပေးခဲ့ပေမဲ့ ၁ ဒဿမ ၅ စက္ကန့်အလိုမှ သတိပေးတာ ဖြစ်တဲ့အတွက် ပြန်ပြင်ဖို့ အရမ်းနောက်ကျနေပြီလို့ Deborah Hersman က ပြောပါတယ်။
Asiana လေကြောင်းလိုင်းက ဘိုးရင်း 777 စနေနေ့က လေဆိပ်ကိုအဆင်း ပျက်ကျသွားတဲ့အတွက် လူ ၂ ဦး သေဆုံးပြီး ၁၉ ယောက်ကို ဆေးရုံတင်ထားရတာမှာ အဲဒီအထဲက ၆ ယောက်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ ဆန်ဖရန်စစ္စကို မီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
သေသွားသူ ၂ ဦးဟာ တရုတ်နိုင်ငံ Zhejiang ခရိုင်ကနေ ဆရာ ဆရာမတွေနဲ့အတူ နွေရာသီခရီးစဉ် ထွက်လာတဲ့ လူ ၃၀ အုပ်စုထဲက အသက် ၁၆ နှစ်အရွယ် ဆက်ကျော်သက် အမျိုးသမီးငယ် ၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။