သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြေးချန်ပီယံ Pistorius လူသေမှု ကျူ းလွန်ကြောင်း တရားရုံး ဆုံးဖြတ်


တောင်အာဖရိက ခြေတုတပ် အပြေးချန်ပီယံ Oscar Pistorius တရားခွင် ။ (စက်တင်ဘာ ၁၂၊ ၂၀၁၄)
တောင်အာဖရိက ခြေတုတပ် အပြေးချန်ပီယံ Oscar Pistorius တရားခွင် ။ (စက်တင်ဘာ ၁၂၊ ၂၀၁၄)

တောင်အာဖရိက ခြေတုတပ် အပြေးချန်ပီယံ Oscar Pistorius ကို သူ့ ချစ်သူအမျိုးသမီးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အတွက် လူသေမှုနဲ့ ပြစ်မှုထင်ရှားကြောင်း တောင်အာဖရိက တရားသူကြီး Thokozile Masipa က စီရင်ချက် ချလိုက်ပါတယ်။ ဒါပေမဲ့ ပိုပြီး ကြီးလေးတဲ့ လူသတ်မှု၊ ကြိုတင်ကြံစည် သတ်ဖြတ်မှုတွေ နဲ့တော့ အပြစ်မရှိဘူးလို့ တရားသူကြီးက ပြောပါတယ်။

၂၀၁၃ ခုနှစ်အတွင်း မော်ဒယ်လ်တဦးဖြစ်တဲ့ သူ့ချစ်သူ Reeva Steenkamp ကို Oscar ဟာ သူ့အိမ်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ Pistorius ဟာ Pretoria မြို့က သူ့အိမ် ရေချိုးခန်းအတွင်း သူ့ချစ်သူ Steenkamp ကို ကြိုတင်ကြံစည်ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပြီး အစိုးရရှေ့နေတွေက စွဲချက်တင်ခဲ့တာပါ။

ဒါပေမဲ့ Pistorius ကတော့ ညဘက် သူ့အိမ်တွင်းကို ဖောက်ထွင်း ဝင်လာသူလို့ ထင်တဲ့အတွက် သေနတ်နဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ Pistorius ဟာ ရေချိုးခန်းထဲမှာ လူ ရှိနေတာကို သိပြီး သူပစ်ခတ်ရင် အဲဒီလူ သေနိုင်တယ် ဆိုတာကို သိလျက်နဲ့ သေနတ်နဲ့ ၄ ချက် ပစ်ခဲ့တာကြောင့် ဒါဟာ ကျိုးကြောင်းမဆီလျော်တဲ့ လုပ်ရပ်ပဲလို့ တရားသူကြီး Masipa က ပြောပါတယ်။

တကယ်လို့ ကြိုတင်ကြံစည် သတ်ဖြတ်မှုနဲ့သာ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံခဲ့ရမယ် ဆိုရင်တော့ Pistorius ဟာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရနိုင်ဖွယ် ရှိခဲ့တာပါ။ အခုချမှတ်ခံရတဲ့ လူသေမှုနဲ့ကတော့ ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်ဖွယ် ရှိပါတယ်။ ေ

အာက်တိုဘာလ ၁၃ ရက်နေ့မှာ သူ့အပေါ် ပြစ်ဒဏ်စီရင်ချက် ချမှတ်မှာ ဖြစ်ပါတယ်။ Pistorius ဟာ ၂၀၁၃ ခုနှစ် အစောပိုင်းတုန်းကလည်း Johannesburg မြို့က စားသောက်ဆိုင်တခုမှာ ဥပဒေမဲ့ သေနတ်နဲ့ ပစ်ဖောက်ခဲ့ဖူးပါတယ်။

XS
SM
MD
LG