ပါကစ္စတန်နိုင်ငံ Karachi နိုင်ငံတကာလေဆိပ်မှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၆ ယောက်ထက်မနဲ သေဆုံးခဲ့ရပြီးတဲ့နောက် ဒီကနေ့ အင်္ဂါနေ့မှာလည်း လေဆိပ်နားမှာ သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
မော်တော်ဆိုင်ကယ်လ်နဲ့ လာတဲ့ သေနတ်သမား အနည်းဆုံး ၂ ယောက်က လေဆိပ်လုံခြုံရေး သင်တန်းကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမဲ့ တပ်သားတွေရဲ့ ပြန်လှန်ပစ်ခတ်မှုကြောင့် ထွက်ပြေးသွားခဲ့တယ်လို့ လေဆိပ်လုံခြုံရေးတပ်က လက်ထောက်အကြီးအကဲ ဗိုလ်မှူးကြီး Tahir Ali က ပြောပါတယ်။ ဒီ တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။
တိုက်ခိုက်လာသူတွေကို ရှာဖွေတဲ့ စစ်ဆင်ရေး စတင်လုပ်ဆောင်နေပြီလို့လည်း ဗိုလ်မှူးကြီး အလီက ပြောပါတယ်။ အင်္ဂါနေ့ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်တွေက ကြေညာခဲ့ပြီး ထပ်မံ တိုက်ခိုက်မှုတွေ လုပ်မယ်လို့လည်း ဆိုပါတယ်။
Karachi က Jinnah နိုင်ငံတကာလေဆိပ်ကို တာလီဘန်တွေ ၅ နာရီကြာ သိမ်းပိုက်ခဲ့တဲ့နောက် တနင်္လာနေ့ အစောပိုင်းမှာတော့ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို စီးပွားရေး အချက်အခြာကျတဲ့ တောင်ပိုင်း ဆိပ်ကမ်းမြို့က လေဆိပ်မှာ တိုက်ခိုက်ခံခဲ့ရတာမို့ ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif ဟာ စစ်တပ်နဲ့ အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံပြီး လုံခြုံရေးအခြေနေတွေကို ဆွေးနွေးခဲ့ပါတယ်။
ပါကစ္စတန် စစ်တပ်က အင်္ဂါနေ့မှာပဲ စစ်သွေးကြွတွေ ခိုအောင်းမယ်လို့ သံသယရှိတဲ့ အနောက်မြောက်ပိုင်းက ခိုင်ဘာဒေသကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာမို့ အကြမ်းဖက်သမား ၂၅ ယောက်ထက်မနဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။