သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှားဝန်ကြီးချုပ် အစိုးရသစ်ဖွဲ့ဖို့ ပြင်ဆင်


တူနီးရှားဝန်ကြီးချုပ် ဟာမာဒီ ဂျီဘာလီ
တူနီးရှားဝန်ကြီးချုပ် ဟာမာဒီ ဂျီဘာလီ
တူနီးရှားနိုင်ငံမှာ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင်တယောက် အသတ်ခံခဲ့ရပြီးတဲ့နောက် နိုင်ငံရေးပါတီတွေနဲ့ ဆက်နွယ်ခြင်းမရှိတဲ့ အစိုးရသစ်ကို ဖွဲ့မယ်လို့ ဝန်ကြီးချုပ် ဟာမာဒီ ဂျီဘာလီ (Hamadi Jebali) က ပြောလိုက်ပါတယ်။

ပြီးခဲ့နှစ်က ဖွဲ့ခဲ့တဲ့ လက်ဝဲယိမ်းညွန့်ပေါင်းအဖွဲ့ ခေါင်းဆောင် တယောက် ဖြစ်တဲ့ ချွတ်ကရီ ဘီလစ် (Chokri Belaid) အသတ်ခံခဲ့ရတဲ့အပေါ် မကျေနပ်တဲ့ ထောင်ချီဆန္ဒပြသူတွေနဲ့ ရဲတွေကြား အဓိကရုဏ်း ဖြစ်နေတာနဲ့အတူ မစ္စတာ ဂျီဘာလီ က ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားပေါ် ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ ရွေးကောက်ပွဲတွေ မလုပ်ခင်အထိ နိုင်ငံ့
ရေးရာတွေကို အကန့်အသတ်နဲ့ ကြီးကြပ် ကိုင်တွယ်ခွင့်ရမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရွေးကောက်ပွဲကို လည်း အစောဆုံးဖြစ်နိုင်အောင် ကျင်းပမယ်လို့ ပြောပါတယ်။

Popular Front ပါတီခေါင်းဆောင်လည်းဖြစ်သူ ဘီလစ်ဟာ Yunis မြို့က သူ့ နေအိမ် အပြင်ဘက်မှာ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီလို အသတ်ခံခဲ့ရပြီး နာရီပိုင်းအကြာမှာပဲ ဖွဲ့စည်းပုံသစ် ရေးဆွဲနေတဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ကနေ နှုတ်ထွက်တယ်လို့ Popular Front ပါတီက ကြေညာခဲ့ပါတယ်။

ဘီလစ် အသတ်ခံရတာနဲ့ ပတ်သက်လို့ အထွေထွေသပိတ်ဖြစ်အောင် ဆော်သြမယ်လို့လည်း ပါတီပြောခွင့်ရသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
XS
SM
MD
LG