သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာအရွယ်အစား ဂြိုဟ် ၇ လုံး ထပ်တွေ့


နိုင်ငံတကာ နက္ခတ္တဗေဒပညာရှင် အဖွဲ့တဖွဲ့က - မြေပြင်နဲ့ အာကာသမှန်ပြောင်းတွေကို အသုံးပြုပြီးတော့ လေ့လာခဲ့ကြတာမှာ - ကမ္ဘာကနေ အလင်းနှစ် ၄၀ လောက် အကွာမှာ ကမ္ဘာအရွယ် ဂြိုဟ် ၇ လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

ဂြိုလ် ၇ လုံးစလုံးဟာ ကမ္ဘာထက်ငယ်တဲ့ ထုထည်ရှိတာ ဒါမှမဟုတ် ကမ္ဘာမြေနဲ့ ဆင်တူတာတွေ ပါဝင်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဂြိုဟ်တွေရဲ့ အပူချိန်ဟာ အပေါ်ယံမျက်နှာပြင်မှာ ရေကို အရည်အဖြစ်နဲ့ ပြောင်းလဲနိုင်လောက်တဲ့အထိ နိမ့်ကျနေပြီး - သက်ရှိတွေ နေထိုင်နိုင်လောက်တဲ့ အခြေအနေမျိုး ရှိနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

သုတေသန လေ့လာချက်အစီရင်ခံစာကို ဦးဆောင်ပြုစုခဲ့သူ ဘယ်လ်ဂျီယံနိုင်ငံ Liège တက္ကသိုလ်၊ STAR သိပ္ပံဌာနက Michaël Gillon ကတော့ - တွေ့ရှိချက်အတွက် အားရကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။ အံ့သြစရာကောင်းတဲ့ ဂြိုဟ်နက္ခတ် စနစ်တရပ်ဖြစ်ပြီး - ဂြိုလ်တွေ အများအပြား ပါဝင်နေရုံတင်မက - အရွယ်အစားဟာလည်း အံ့အားသင့်လောက်အောင် ကမ္ဘာနဲ့ တူနေတယ်လို့ ပြောဆိုထားပါတယ်။

လေ့လာတွေ့ရှိချက် အသစ်ကိုတော့ သိပ္ပံပညာစာစောင်တခုဖြစ်တဲ့ Nature ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာအရွယ်အစား ဂြိုဟ် ၇ လုံး ထပ်တွေ့
please wait

No media source currently available

0:00 0:00:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG