သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်တွင်းအပင်တွေ လေထုသန့်ရှင်းစေ


အိမ်တွင်း အိမ်ပြင် အလှစိုက်အပင်များ။

လေထုညစ်ညမ်းမှုဟာ အိမ်အပြင်ဘက်မှာသာ တွေ့ရတာ မဟုတ်ပဲ အိမ်ထဲမှာလည်း တွေ့ကြုံနိုင်တဲ့ လူထုကျန်းမာရေးဆိုင်ရာ ပြဿနာ တခု ဖြစ်ပါတယ်။အိမ်ထဲမှာ သုံးစွဲလေ့ရှိတဲ့ အိမ်သုံးဓါတုပစ္စည်းမျိုးစုံကနေ ထွက်တဲ့ အခိုးအငွေ့တွေနဲ့ အမှုန်အမွှားတွေကြောင့် အိမ်တွင်း လေထုညစ်ညမ်းမှုဟာ အိမ်ပြင်မှာထက် ပိုဆိုးနိုင်ပါတယ်။

ဒါပေမယ့် ကာဗွန်ဒိုင်အောက်ဆိုက်ကို ရှုရိုက်တဲ့ အပင်တွေကနေ အိမ်တွင်း လေထုညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းပေးနိုင်ကြောင်း သုတေသနပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။

လူတွေဟာ အပင်တွေ မရှိပဲ အသက်မရှင်နိုင်ပါဘူး။ အပင်တွေဟာ လူသားတွေ ရှုထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူကြသလို လူသားတွေ ရှုသွင်းတဲ့ အောက်ဆီဂျင်ကို ထုတ်ပေးတာပါ။ လူသားတွေ အသက်ရှုသွင်း တဲ့ အောက်ဆီဂျင် များများရဖို့ အပင်တွေပေါ်မှာ မှီခိုနေရတယ်လို့ နယူးရောက်ပြည်နယ် တက္ကသိုလ်တခုြုဖစ်တဲ့ Oswego ကသိပ္ပံပညာရှင် Vadoud Niri ကပြောပါတယ်။

လူသားတွေဟာ တနေ့ကို လေဂါလံပေါင်း ၃၀၀၀ ကျော် ရှုသွင်းရပြီး လေမရှုပဲ ၃ မိနစ်ထက် ပိုပြီး မနေနိုင်တဲ့အတွက် လေသန့်စင်မှုဟာ သိပ်ကို အရေးပါသလို နေ့စဉ်ရှုသွင်းဖို့ သန့်စင်တဲ့ လေလည်း လိုအပ်တယ်လို့ ပြောပါတယ်။

အိမ်တွင်းလေထု မသန့်ရှင်းတာဟာ မူးဝေတာတွေ အသက်ရှုကြပ်တဲ့ ပန်းနာရောဂါ နဲ့ allergy တွေ ဖြစ်တတ်တဲ့ sick building syndrome ဖြစ်စေပါတယ်။ အိမ်တွင်းလေ သန့်စင်စေဖို့ လေစစ်ဇကာတွေ သုံးလေ့ရှိကြပါတယ်။ဒါပေမယ့် အခု ပိုလွယ်ကူပြီး ဈေးသက်သာတဲ့ နည်းတခုအဖြစ် အိမ်တွင်းမှာ အပင်တွေ စိုက်ဖို့ Niri က အကြံပေးပါတယ်။

အိမ်တွင်းအပင်တွေ လေထုသန့်ရှင်းစေ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG