သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလေးဘွိုင်း မဂ္ဂဇင်း တည်ထောင်သူ ကွယ်လွန်


ပလေးဘွိုင်း မဂ္ဂဇင်း တည်ထောင်သူ Hugh Hefner
ပလေးဘွိုင်း မဂ္ဂဇင်း တည်ထောင်သူ Hugh Hefner

Playboy မဂ္ဂဇင်း တည်ထောင်သူ Hugh Hefner ဟာ အသက်(၉၁)နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကွယ်လွန်သူ နာမည်ကျော် ရုပ်ရှင်းမင်းသမီးအပြင် မော်ဒယ်လဲဖြစ်သူ Marilyn Monroe မာရီလင် မွန်ရိုးရဲ့ ကိုယ်လုံးတီး ဓါတ်ပုံတွေ ပါဝင်တဲ့ PlayBoy မဂ္ဂဇင်းကို ၁၉၅၃ ခုနှစ်က သူ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

ခုလိုထုတ်ဝေမှုကြောင့် လိင်ပိုင်းဆိုင်ရာ သဘောထားအမြင်တွေအပေါ် ပြောင်းလဲမှုကြီးအတွက် တွန်းအားပေးရာ ရောက်စေခဲ့ပြီး၊ ၁၉၇၀ ခုနှစ်များက မဂ္ဂဇင်းဖတ်ရှုသူပေါင်း (၇)သန်းကျော်ခဲ့ပါတယ်။

Los Angeles ရှိ သူ့ရဲ့ ပလေးဘွိုင်း-စံအိမ်ကြီးမှာ Hefner ဟာ ဗုဒ္ဓဟူးနေ့က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း သူ့ရဲ့ ကုမ္ပဏီကပြော ပါတယ်။ အဲဒီမဂ္ဂဇင်း ထုတ်ဝေမှုအပြင် ပလေးဘွိုင်တံဆိပ်ကိုသုံးပြီး နိုင်ငံပေါင်း(၂၀)ကလဲ အလားတူ မဂ္ဂဇင်းတွေ ထုတ်ဝေတာ၊ ညကလပ်တွေ ဖွင့်တာ၊ လောင်းကစား ကက်စီနိုတွေ ဖွင့်တာ ၊ ကေဘယ် ရုပ်သံလိုင်း လုပ်တာတွေအပြင် ရုပ်ရှင်ထုတ်လုပ်တဲ့ ကုမ္ပဏီတခု ကိုလဲ တည်ထောင်ခဲ့ပါတယ်။

Hefner ကိုယ်တိုင်ကလည်း ပလေးဘွိုင်စံအိမ်မှာ သူနဲ့အတူနေထိုင်တဲ့ မဂ္ဂဇင်းမော်ဒယ် အမျိုးသမီးလေးတွေနဲ့ သူ့ဘဝအကြောင်းကို TV ဇာတ်လမ်းတွဲအဖြစ် The Girls Next Door ဟိုဘက်အိမ်က ကောင်မလေးတွေ အမည်နဲ့ ၅နှစ်ကြာအောင် ရိုက်ကူးတက်ဆက်ခဲ့ပါတယ်။ သူဟာ ဆေးတံခဲပြီး ပိုးညဝတ်အင်္ကျီဝတ်ကာ သူ့စံအိမ်မှာ ပါတီပွဲတွေ ကျင်းပတဲ့ ဘဝနေထိုင်မှုအတွက် လူသိများတာ ဖြစ်ပါတယ်။ Hefner ဟာ အိမ်ထောင် ၃ကြိမ်ကျပြီး သားသမီး ၄ ဦးရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG