သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် ပိတ်ဆို့မှု ရုပ်သိမ်းရေး တောင်းဆို


သမ္မတဦးသိန်းစိန် ပိတ်ဆို့မှု ရုပ်သိမ်းရေး တောင်းဆို
သမ္မတဦးသိန်းစိန် ပိတ်ဆို့မှု ရုပ်သိမ်းရေး တောင်းဆို

မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်း ပြန်လှည့်စရာ မရှိပါဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သလို အနောက်နိုင်ငံတွေဘက်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားမှုတွေကို ပြန်ပြီး ရုပ်သိမ်းကြဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ အနောက်နိုင်ငံတွေ တောင်းဆိုထားတဲ့အတိုင်း အကျဉ်းသား အများစုကို ပြန်လွှတ်ပေးခဲ့သလို ဧပြီလမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့စီစဉ်ထားပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်နိုင်အောင် လမ်းဖွင့်ပေးထားပြီး ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ဝါရှင်တန်ပို့စ် သတင်းစာနဲ့ တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်ရာမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရခေါင်းဆောင်က တချိန်မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ အစိုးရအဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်ဖို့ အလားအလာ မရှိဘူးလို့လည်း မပြောပါဘူး။

တွေ့ဆုံမေးမြန်းခန်း ပြုလုပ်စဉ်မှာ သမ္မတဦးသိန်းစိန်က အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးသင့်ကြောင်း၊ ဒါဟာ မြန်မာပြည်သူ ၅၄ သန်းအပေါ် ထိခိုက်မှုရှိသလို စီးပွားရေး ပြန်လည် ဦးမော့လာနိုင်မှုကိုလည်း အဟန့်အတား ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG