သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန်ရွေးကောက်ပွဲ ယာယီသမ္မတနဲ့ စိန်ခေါ်သူ အကြိတ်အနယ်

ကွယ်လွန်သူ ပိုလန်သမ္မတ လက် ကာဇင်းစကီး (Lech Kaczynski) နေရာမှာ အစားထိုးဖို့ နောက်ဆုံးအကျော့ သမ္မတ ရွေးကောက်ပွဲတွေ ဒီနေ့ ပိုလန်နိုင်ငံမှာ ပြုလုပ်နေပါတယ်။

လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့ သမ္မတရဲ့ အမြွှာညီအကိုတော်သူ ရွာရောစလဗ် ကာချင်းစကီး (Jaroslaw Kaczynski) နဲ့ အကြိတ်အနယ် ပြိုင်ဆိုင်နေသူကတော့ ယာယီသမ္မတ ဘရွန်နီစလော ကော်မော်ရောစကီး (Bronislaw Komorowski) ဖြစ်ပါတယ်။

အလယ်အလတ် သဘောထားရှိသူ မစ္စတာ ကော်မော်ရောစကီးက ဇွန်လ ၂၀ ရက်နေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်းက ကွန်ဆာဗေးတစ်ဝါဒီ မစ္စတာ ကာချင်းစကီးထက် ၅% မဲအသာရပြီး ၄၂% မဲရခဲ့ပါတယ်။ ကျန်တဲ့ သမ္မတဝင်ရွေးသူ ၈ ယောက်ကတော့ မဲအပြတ်နဲ့ နောက်ကျန်ရစ်ပါတယ်။

စီးပွားရေးကို အားပေးသူ မစ္စတာ ကော်မော်ရောစကီးက Civic Platform ပါတီကို ဦးဆောင်ပါတယ်။ EU ဥရောပသမဂ္ဂကိုလည်း သူတို့ပါတီက ထောက်ခံပါတယ်။

မစ္စတာ ကာချင်းစကီးကတော့ EU ကို ဆန့်ကျင်ပြီး ပိုလန်ရဲ့ သမိုင်းရန်သူတွေ၊ အထူးသဖြင့် ဂျာမဏီနဲ့ ရုရှားတို့အပေါ် သံသယရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ဝေဖန်သူ ဖြစ်ပါတယ်။ သမ္မတ ရွေးကောက်ပွဲ တရားဝင် မဲရလဒ်ကို တနင်္လာနေ့မှာ သိရမယ်လို့ မျှော်လင့်ရပါတယ်။

This item is part of
XS
SM
MD
LG