သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန်ကို မစ်ဇိုင်းဒုံးထိမှန်မှု မတော်တဆဖြစ်နိုင်ကြောင်း အနောက်မဟာမိတ်တွေလက်ခံ


Poland နယ်မြေထဲမစ်ဇိုင်းဒုံးကျရောက်ပေါက်ကွဲတဲ့နေရာ ပိုလန်ရဲတို့စစ်ဆေးနေပုံ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၂
Poland နယ်မြေထဲမစ်ဇိုင်းဒုံးကျရောက်ပေါက်ကွဲတဲ့နေရာ ပိုလန်ရဲတို့စစ်ဆေးနေပုံ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၂

ပိုလန်နိုင်ငံအရှေ့ပိုင်းကပေါက်ကွဲမှုတခုကြောင့် လူ၂ ဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးကြောင့်ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို အမေရိကန်၊ ပိုလန်နဲ့ နေတိုးမဟာမိတ် အဖွဲ့ တာဝန်ရှိသူတွေ အားလုံးက ဗုဒ္ဓဟူးနေ့မှာ လက်ခံလိုက်ကြပါတယ်။ ဒါပေမဲ့လည်း ဒီဖြစ်ရပ်အတွက် ယူကရိန်းမှာ တာဝန်မရှိကြောင်းလည်း နေတိုးအဖွဲ့ အကြီးအကဲက ပြောခဲ့တာပါ။

“ဒါဟာ ယူကရိန်းရဲ့အပြစ်မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းပြောချင်ပါတယ်။ ယူကရိန်းအပေါ် တရားမဝင်စစ်ပွဲတွေ ဆက်ပြီးဆင်နွှဲနေသမ ျှ ဒါဟာ ရုရှားအပေါ်မှာပဲ လုံးဝတာဝန်ရှိပါတယ်။" လု့ိ NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က မြောက်အန္တလန်တိတ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးအပြီးကျင်းပတဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားတာပါ။ အလားတူအဖြစ်မျိုးတွေ ထပ်မဖြစ်အောင်ရှောင်ရှားနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ရုရှားအနေနဲ့ယူကရိန်းကိုတိုက်ခိုက်နေတာတွေ ရေပ်မှဖြစ်မယ်လို့လည်း Stolenberg ကပြောပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ကလည်း ယူကရိန်းက လေကြောင်းရန် ကာကွယ်ရေးအတွက် ပစ်လိုက်တဲ့မစ်ဇိုင်းဒုံး ပိုလန်နိုင်ငံထဲ မတော်တဆ ကျရောက်ခဲ့ပုံရကြောင်း ကနဦးစစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ပိုလန်သမ္မတ Andrzej Duda ရဲ့ ပြောကြားချက်နဲ့ ကွဲလွဲတဲ့ အချက်အလက်မျိုး မတွေ့ရကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း ဒီအဖြစ်ဆိုးအတွက် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားမှာသာ လုံးဝတာဝန်ရှိတယ်လို့လည်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီကပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း ယူကရိန်းအနေနဲ့ သူ့ကိုယ်သူကာကွယ်ဖို့ သံမဏိလိုခိုင်မာတဲ့အခွင့်အရေးရှိတယ်လု့ိ သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းမှာပဲအင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ G20 ညီလာခံတက်ရောက်နေတဲ့ နေတိုးခေါင်းဆောင်တွေ နဲ့ စက်မှုအင်အားကြီး ၇ နိုင်ငံ G-7 ခေါင်းဆောင်တွေ အရေးပေးအစည်းအဝေးတရပ်ကျင်းပပြီး ပိုလန်နိုင်ငံက အဖြစ်အပျက်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာပါ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနယ်စပ်အနီးက ပေါက်ပွဲမှုကို စုံစမ်းစစ်ဆေးမယ့် ပိုလန်ုစုံစမ်းရးအဖွဲ့ကို အားပေးထောက်ခံသွားဖို့သဘောတူခဲ့ကြတယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode





XS
SM
MD
LG