သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက် Times Square မှာ ကားနဲ့ဝင်တိုက်သူ လူသတ်မှုနဲ့ အရေးယူ


နယူးယောက်မြို့ရဲ့ မြို့လယ်ခေါင် Times Squareမှာ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့ သံသယရှိသူအသက် ၂၆ နှစ်အရွယ် Richard Rojas ။
နယူးယောက်မြို့ရဲ့ မြို့လယ်ခေါင် Times Squareမှာ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်ခဲ့တဲ့ သံသယရှိသူအသက် ၂၆ နှစ်အရွယ် Richard Rojas ။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်က Times Square မှာ လမ်းသွားလမ်းလာတွေကို ကားနဲ့ဝင်တိုက်သူအဖြစ် စွပ်စွဲခံထားရတဲ့ အမျိုးသားကို ဒီကနေ့ နယူးယောက် ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ တရားစွဲလိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အမျိုးသမီးတဦး သေဆုံးပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တာပါ။ ကားနဲ့တိုက်သူဟာ အသက် ၂၆ နှစ်အရွယ် အမေရိကန်နိုင်ငံသား Richard Rojas ဆိုသူဖြစ်ပြီး သူဟာ အရင်တုန်းကလည်း မူးယစ်သောက်စားပြီး ကားမောင်းတဲ့အတွက် ဖမ်းဆီးခံရဖူးသူ ဖြစ်တဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အခု သူ့ကို လူသတ်ဖို့ကြိုးစားမှု စွဲချက် ၂၀ နဲ့ မော်တော်ယာဉ်သုံးပြီး လူသတ်ဖို့ကြိုးစားတဲ့ စွဲချက် ၅ ခုနဲ့ တရားစွဲလိုက်တာပါ။ ဒဏ်ရာရသူ ၂၂ ယောက်ထဲမှာ လေးယောက်က ဒဏ်ရာ ပြင်းထန်ပေမဲ့လို့ အသက်ဆုံးရှုံးရနိုင်တဲ့ အခြေအနေတော့ မရှိတဲ့အကြောင်း နယူးယောက် မီးသတ်တပ်ဖွဲ့ ကော်မရှင်နာမင်း Daniel Nigro က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးကတော့ အသက် ၁၈ နှစ်အရွယ် မစ်ရှီဂန်ပြည်နယ်က ခရီးသွားတယောက်ပါ။

ဒီမိန်းကလေးရဲ့ အစ်မဖြစ်သူ လည်း ဒဏ်ရာရသူတွေထဲမှာ ပါခဲ့တာပါ။ အခုဖြစ်ရပ်ဟာ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်တော့ ဖြစ်ပုံမရတဲ့အကြောင်းနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တဲ့အကြောင်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI နဲ့အတူ ပူးပေါင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ နယူးယောက်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အနီရောင် sedan အမျိုးအစား ဟွန်ဒါကားက လူသွားလမ်းအပေါ်အထိ တက်ပြီး block သုံးခုလောက်အထိ အရှိန်မြင့်မောင်း သွားခဲ့ပြီး နောက်ဆုံး လုံခြုံရေး အကာအရံတခုကို တိုက်ပြီး ရပ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နယူးယောက်မြို့လယ်က Times Square နေရာဟာ စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်ကြီးတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ အများအပြားရှိပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေ လာရောက်လည်ပတ်ကြတဲ့ အထင်ကရ နေရာတခုပဲဖြစ်ပါတယ်။

နယူးယောက် Times Square မှာ ကားနဲ့ဝင်တိုက်သူ လူသတ်မှုနဲ့ အရေးယူ
please wait

No media source currently available

0:00 0:00:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG