သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းလူငယ်သတ်ဖြတ်မှု ပါဝင်သူ ၆ ဦး အစ္စရေးဖမ်းဆီး


အစ္စရေးဘက်က ပစ်လိုက်တဲ့ ဒုံးကျည်ထိမှန်ပျက်စီးသွားတဲ့ အိမ်ကို လှည့်လည်ကြည့်ရှုနေတဲ့ ပါလက်စတိုင်းသားတစ်ဦး။ (ဂျူလိုင် ၆၊ ၂၀၁၄)
အစ္စရေးဘက်က ပစ်လိုက်တဲ့ ဒုံးကျည်ထိမှန်ပျက်စီးသွားတဲ့ အိမ်ကို လှည့်လည်ကြည့်ရှုနေတဲ့ ပါလက်စတိုင်းသားတစ်ဦး။ (ဂျူလိုင် ၆၊ ၂၀၁၄)

ပါလက်စတိုင်းဆယ်ကျော်သက် လူငယ်တယောက်ကို ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့ရာမှာ ပါဝင်တယ်လို့ မသင်္ကာသူ ဂျူးလူမျိုး ၆ ယောက်ကို အစ္စရေး ရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။ ဖမ်းဆီးထားသူတွေဟာ အသက် ၁၆ နှစ်အရွယ် Mohammed Abu Khadeir မိုဟာမက် အဘူ ခါဒီယာ ကို သတ်ဖြတ်ခဲ့သူတွေလို့ သံသယရှိခံထားရသူတွေဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ သူတို့ဟာ အစွန်းရောက် ဂျူးအုပ်စု ဝင်တွေ ဖြစ်ကြပြီး အမျိုးသားရေးစိတ်နဲ့ အမှုကို ကျူးလွန်ခဲ့ကြတဲ့ပုံစံရှိတယ်လို့ ပြောပါတယ်။

အခုသတ်ဖြတ်မှုဟာ အစ္စရေးလူငယ်သုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အလောင်းတွေပဲပြန်တွေ့ခဲ့ရတဲ့ ဖြစ်ရပ်အပေါ် ကလဲ့စားခြေတာ ဖြစ်နိုင်ကြောင်း၊ ဒီဖြစ်ရပ်ကြောင့် ဂျေရုဆလင်မှာကော အစ္စရေးနိုင်ငံက အာရပ်တွေ နေထိုင်တဲ့ မြို့မှာပါ လေးရက်ကြာ အဓိကရုဏ်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရပါတယ်။

ဘယ်ဖက်ကပဲဖြစ်ဖြစ် ဒေသကို မတည်မငြိမ်ဖြစ်အောင်၊ သွေးစွန်းအောင် နောက်ထပ် လုပ်ဆောင်တဲ့ အစွန်းရောက်သမားတွေကို ခွင့်လွှတ်မှာ မဟုတ်ဖူးလို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောဆိုပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းကတော့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး လူ ၂ ဦး သေဆုံးသွားတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ တနင်္ဂနွေနေ့အတွင်း ဂါဇာကမ်းမြောင်ဒေသအတွင်းကနေ အစ္စရေး နိုင်ငံပိုင်နယ်နမိတ်ထဲကို ရော့ကက်နဲ့ အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG