သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲ သတင်းယူတဲ့ သတင်းသမား ရဲအရိုက်နှက်ခံရ


ရဲတွေနဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသူတစ်ဦးကို ကူညီနေတဲ့ ဆန္ဒပြသူများ။ (သြဂုတ် ၃၁၊ ၂၀၁၄)
ရဲတွေနဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသူတစ်ဦးကို ကူညီနေတဲ့ ဆန္ဒပြသူများ။ (သြဂုတ် ၃၁၊ ၂၀၁၄)

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့မှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေနဲ့ရဲတွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားတာ သတင်းရိုက်ကူးတင်ပြတဲ့ ရုပ်မြင်သံကြားအဖွဲ့သားတွေနဲ့ တခြားသတင်းထောက်တွေကို ပါကစ္စတန်ရဲက စတင်ပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။

ပါကစ္စတန်နီသတင်းဌာနတွေက ရုပ်သံ ကင်မရာမင်းတွေ အများအပြားရော သတင်းထောက်တွေရောကို ရဲက ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်လို့ ပါကစ္စတန်မြို့တော်က ဗွီအိုအေသတင်းထောက် အာယာ့စ် ဂဲလ့်စ် က ပြောပါတယ်။ သတင်းထောက်တွေအပေါ် ဒီလိုမျိုး တိုက်ခိုက်မှုကို ဝန်ကြီးချုပ် နဝပ်ဖ်၊ ရှာရစ်ဖ်နဲ့ရင်းနှီးတဲ့ ဝန်ကြီးတစ်ဦးကရော နိုင်ငံတဝှမ်းက သတင်းဌာနတွေကရော ရှုတ်ချကြတာပါ။

ဒီလို အကြမ်းဖက်မှုတွေ ဆက်ပြီးတော့ ဖြစ်ပွားနေတဲ့အချိန်မှာပဲ ပါကစ္စတန်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ရဟီးလ် ရှရစ်ဖ်က စစ်တပ်၊ တပ်မှူးကြီးတွေကို ဒီကနေ့ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ မစ္စတာရှရစ်ဖ် မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ၂၀၁၃ မေလရွေးကောက်ပွဲမှာ မဲမသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲနေတာပါ။

နိုင်ငံတကာစောင့်ကြည့်သူတွေကတော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိပါတယ်လို့ ပြောပါတယ်။ မစ္စတာ ရှရစ်ဖ်ကလည်း သူ ရာထူးက နုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောပြီးတော့ အတိုက်အခံခေါင်းဆောင်တွေနဲ့ ညှိနှိုင်းပြီး ဖြေရှင်းဖို့ ကြိုးစားပေမယ့်လည်း ညှိနှိုင်းမှုတွေက အခုထိ မအောင်မြင်သေးပါဘူး။

XS
SM
MD
LG