သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲအရာရှိတချို့ တိုက်ခိုက်ခံရ


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်နဲ့ Pennsylvania ပြည်နယ်အတွင်း သောကြာနေ့ည သေနတ်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွါးရာမှာ ရဲအရာရှိ ၆ ဦး ထိသွားပြီး၊ ၂ ဦး သေဆုံးသွားသလို အခြား ၃ ဦး အပြင်းအထန်ဒဏ်ရာရသွားပါတယ်။ ဖလော်ရီဒါပြည်နယ် အလယ်ပိုင်း Kissimmee မြို့မှာ မသင်္ကာစရာဖြစ်ရပ်တခုကို စစ်ဆေးရာမှာ အပစ်ခံရတဲ့ ဒဏ်ရာနဲ့ပဲ ဒုတိယမြောက်ရဲအရာရှိတဦးသေဆုံးသွားတာပါ။

တပ်ကြပ် Richard Howard စနေနေ့မှာပဲ သေဆုံးသွားတယ်လို့ Kissimmee ရဲဌာနက ပြောပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ

Matthew Baxter ကတော့ သောကြာနေ့ညမှာပဲ လက်နက်ကိုင်တဦးအဖြစ် သံသယရှိသူနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ရာမှာ ရတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာပါ။ ဒီဖြစ်ရပ်ဟာ ချုံခိုတိုက်ခိုက်ခံရတာမျိုးတောင်ဖြစ်နိုင်တယ်လို့ Kissimmee ရဲဌာနရဲ့ တွစ်တာ လူမှုစာမျက်နှာမှာရေးထားပါတယ်။ နယူးဂျာစီပြည်နယ်က ဂေါက်ကွင်းကို အားလပ်ရက်နဲ့ ရောက်နေတဲ့ သမ္မတ Trump က Kissimmee ရဲဌာနအတွက် ဝမ်းနည်းကြောင်းတွစ်တာစာမျက်နှာမှာ စနေနေ့ မနက်အစောပိုင်းမှာ ရေးပါတယ်။

မကြာခင်မှာပဲ အသက် ၄၅ နှစ်အရွယ် Everett Glenn Miller ကို လူသတ်မှုနဲ့ Missimmee ရဲဌာနက ဖမ်းဆီး အရေးယူလိုက်ပါတယ်။ Everett Glenn Miller မှာ ကြီးမားတဲ့ ရာဇဝတ်နောက်ကြောင်းမရှိဘူးလို့ ရဲအရာရှိချုပ် O’Dell ကပြောပါတယ်။ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အခြားလူ၃ ဦးကိုလည်း မေးမြန်းစစ်ဆေးသလို အခြား စွဲချက်တွေထွက်လာမယ်လို့မျှော်မှန်းမထားဘူးလို့ O’Dell ကပြောပါတယ်။

တချိန်ထဲမှာပဲ ဖလော်ရီဒါပြည်နယ် အရှေ့မြောက်အရပ်က Jacksonville မြို့က အိမ်တအိမ်မှာ သေကြောင်းကြံစည်ဖို့ ကြိုးပမ်းမှု တိုင်ကြားချက်ကြောင့် သွားရောက်စစ်ဆေးရာမှာ သေနတ်ပစ်ခံရပြီး ရဲအရာရှိ၂ ဦးဒဏ်ရာရသွားပါတယ်။ ရဲအရာရှိတဦး ဒဏ်ရာပြင်းထန်နေပြီး အခြားတဦးကတော့ အခြေအနေ တည်ငြိမ်နေပါတယ်။ အပြန်အလှန်ပစ်ခတ်မှုအတွင်း သံသယရှိသူကို ရဲတို့က ပစ်သတ်လိုက်တာပါ။

နောက်ဖြစ်ရပ်ကတော့Pennsylvania ပြည်နယ်ထဲက စတိုးဆိုင်တခုမှာ ပြည်နယ်ရဲတပ်ဖွဲ့ဝင် ၂ ဦးအပစ်ခံရတာပါ။ ရဲအရာရှိ၂ ဦးစလုံးအခြေအနေ တည်တည်ငြိမ်ငြိမ်ရှိတယ်လို့ ပင်ဆဲလ်ဗေးနီးယားပြည်နယ်ရဲတပ်ဖွဲ့ ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG