သုံးရလွယ်ကူစေသည့် Link များ

စစ်တပ်မြေသိမ်းတဲ့ ပြဿ နာ ရဲ နဲ့ ရွာသား တင်းမာ


မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ် ညောင်ဝန်းကျေးရွာ
တောင်သူများ ရဲ့ ထွန်တုံးဆန္ဒပြပွဲ။
မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ် ညောင်ဝန်းကျေးရွာ တောင်သူများ ရဲ့ ထွန်တုံးဆန္ဒပြပွဲ။

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် စဉ့်ကူ မြို့နယ် ညောင်ဝန်းကျေးရွာမှာ ဒေသခံ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကြားမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး သေနတ် ပစ်ဖောက်မှုတွေရှိခဲ့ပါတယ်။ ဒီပစ်ခတ်မှုထဲမှာ အနည်းဆုံး ဒေသခံတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာ ကတင်ပြပေးထားပါတယ်။

မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ် ၊ညောင်ဝန်းကျေးရွာက ရွာသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၄၀ကျော်က စစ်တပ်ပိုင်မြေ အဖြစ် သိမ်းယူထားတဲ့မြေတွေကို ပြီးခဲ့တဲ့ ဇွန်လက ပြန်လည် ထွန်ယက်ကြတာကြောင့် ရွာသား ၁၅ဦး ဟာ တရားစွဲဆိုခံ ထားရတာပါ ။ ဒီရွာသားတွေကို သြဂုတ် လ ၁၄ရက်နေ့ မနက်ပိုင်း မှာ ညောင်ဝန်းကျေးရွာထဲမှာ အာဏာပိုင်တွေက ဝင်ရောက် ဖမ်းဆီးဖို့ ကြိုးစားကြတာကြောင့် ရဲတွေနဲ့ ရွာသားတွေကြား တင်းမာမူတွေဖြစ်ပြီး ရုန်းရင်းဆန်ခတ်မူတွေ ဖြစ်ပွားခဲ့ပါတယ်။

ရဲတွေက တောင်သူတွေကို ဖမ်းဆီးဖို့ ကြိုးစားရင်း သေနတ် တွေနဲ့ ပစ်ခတ်မူတွေ ကြောင့် တောင်သူတဦး ထိမှန်သွားခဲ့ကြောင်း ရဲတွေ ဖမ်းဆီးခေါ်ဆောင်တာကို ခံရတဲ့ ရွာသား ဦးမြင့်ကြည် ပြောပြပါတယ်။

" ရဲဝင်လာတဲ့ပုံစံက နှစ်ရာကျော်လောက် ဝင်လာပါတယ်။ လူစုခွဲပြီးဝင်လာတာ တဌာနစီ၊ တဌာနစီ၊ သေနတ်ထောင်ဖောက်ပြီး ဝင်ဖမ်းတာပါခင်ဗျ။ ကျနော်တို့ အရင် တပ်ရင်းဖွဲ့ထားတဲ့သူတွေပေါ့ဗျာ။ လာဖမ်းတော့ ကျနော်တစ်ယောက်တည်းပဲ မိသွားတယ်။ တရွာလုံး အုံကြွသွားတာပါပဲခင်ဗျာ။ တရွာလုံး အုံကြွပြီး သူတို့ကို ဝိုင်းထားလိုက်တာပါခင်ဗျ။ ကျနော့်ကိုဖမ်းသွားတာ။ ဆေးရုံကြီးမှာပါ ခင်ဗျာ။ သေနတ်နဲ့မှန်တဲ့ အမျိုးသမီးက ဒေါ်စန်းကြင်နု။ ကျန်တာတွေက အရိုက်ခံရတာ လေး၊ ငါးခြောက်ယောက်က။"

သူပြန်လည် လွတ်မြောက်လာတာကတော့ ရွာထဲမှာ ရဲ အင်အား ၃၀ကျော် ကျန်နေပြီး ရွာသားတွေဘက် ကလည်း ရဲတွေကို ပြန်လည် ပိတ်ဆို့ ထားတာကြောင့် လို့လည်း ဦးမြင့်ကြည်ကဆိုပါတယ်။

" လာဖမ်းသွားတာက ရဲစခန်းထဲကို ခေါ်သွားပါတယ်ခင်ဗျာ။ ခေါ်သွားပြီးတော့ သူတို့ ၃၉ယောက်ကို ရွာက ပိတ်မိထားတဲ့ ရဲ ၃၉ယောက်ကို လွှတ်ပေးမယ် ။ ဒီဦးမြင့်ကြည်ကို လွှတ်ပေးရင် အဲ့လိုတောင်းဆိုတာနဲ့ ကျနော့်ကို လွှတ်ပေးပါတယ်ခင်ဗျာ။ လာပို့တာပါခင်ဗျာ။ ရဲတွေက ဘုန်းကြီးကျောင်းထဲ ပိတ်မိတာ။ ကျနော်တို့ကျေးရွာက သေနတ်နဲ့ မှန်တဲ့ ပြစ်ချက်ရယ်၊ ကျနော်တို့ရွာက တိုင်တဲ့သူတွေရယ်။ ဘုန်းကြီးတွေက စစ်ဆေးမေးနေတယ် ခင်ဗျာ။ ကျေးရွာ အုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးက ထွက်ပြေးလို့ ဘုန်းကြီး တွေက ဝင်ပြီး လူထုကို ထိန်းပြီးတော့ သူတို့ကို စစ်ပေးနေပါတယ်ခင်ဗျာ။ မေးမြန်းနေတာပေါ့။ လမ်းစပြပြီးတော့ ထွက်ပြေးသွားတာပေါ့။ ၁၅ယောက်ကို လာဖမ်းတာ လမ်းစလေးတင် လိုက်ပြခိုင်းပြီး သူက ထွက်ပြေးတာ။ "

ညောင်ဝန်းရွာက တောင်သူတွေပိုင်ဆိုင်တဲ့ လယ်မြေတွေကို လွန်ခဲ့တဲ့ နှစ် ၄၀ကျော်ကနေ မန္တလေးထောက်ပို့တပ် ၁၂၁ က သိမ်းယူခဲ့ပြီး ဂရိတ်ဝေါလ် ကုမ္ပဏီကို အဌားပြန်ချခဲ့ကြောင်း လွတ်တော်ကို ၂၀၁၂ ခုနှစ်ကတည်းက တင်ပြတောင်းဆိုမူတွေ လုပ်ခဲ့ပေမဲ့ ထူးခြားမူတွေ မရှိခဲ့ဘူးလို့လည်း တောင်သူဦးမြင့်ကြည်က ဆိုပါတယ်။

"မန္တလေး ထောက်ပို့နဲ့ ပို့ဆောင်ရေးတပ် ၁၂၁က သိမ်းတာပါခင်ဗျ။ သိမ်းထားတာ ၄၂နှစ်ရှိပါပြီခင်ဗျ။ ကျနော်တို့ ၂၀၁၂ကတည်းက တောင်းဆိုလာတာခင်ဗျ။ လွှတ်တော်ထဲ အထိ ရောက်ပါတယ်ခင်ဗျ။ လွှတ်တော်ကလည်း ဘာမှ မလှုပ်ရှားပါဘူးခင်ဗျာ။ ဌာနပေါင်းဆိုင်ရာ အကုန်လုံး လွှတ်ပါတယ်ခင်ဗျ။ လုပ်ထားတာက ၁၂၁ လို့ဆိုပေမဲ့ ဂရိတ်ဝေါလ်ဦးတင်မောင်ကို ၁၂၁က ချပေးတယ်ခင်ဗျ။"

ပြည်ထောင်စုလွတ်တော် မြေယာ စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းကတော့ မြေယာအမူအခင်းတွေနဲပတ်သက်လို့ တိုင်စာပေါင်း ၆၀၀၀ကျော်ထဲက ၄၀၀ကျော်က သာ ုအစိုးရဘက်က ဖြေရှင်းပေးခဲ့တာေံကြာင့် မိုးမကျမီ လယ်သမားတွေ ထွန်ယက်စိုက်ပျိုးနိုင်အောင် အမြန်ဆုံးဖြေရှင်းေးပးဖို့ လွတ်တော်မှာ တင်ပြထားတယ်လို့ VOA က ဆက်သွယ်မေးမြန်း စဉ်မှာ ပြောပြခဲ့ပါ တယ်။ မြန်မာစစ်တပ်ကတော့ သူတို့သိမ်းထားတဲ့ လယ်မြေတချို့ကို ပြန်လည် စွန့်လွတ်မှာဖြစ်ကြောင်းပြောဆိုခဲ့ပြိး တချို့မြေတွေကိုတော့ ပြန်လည် ပေးအပ်မှာ မဟုတ်ကြောင်းကို လည်းပြောဆိုထားတာပါ။

ညောင်ဝန်းရွာရဲ့နောက်ဆုံးအခြေအနေအရ ကတော့ ရဲအင်အား ၃၀ကျော်ကို ရွာက သံဃာတော်တွေက တောင်သူတွေဘက်က နစ်နာမူတွေ အတွက် ခေါ်ယူ ညှိနှိုင်းခဲ့ပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သလို ရွာပတ်လည်တလျောက် တပ်စွဲထားတဲ့ ရဲကင်းများ လည်းပြန်လည် ဆုတ်ခွါသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG