သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲ


အကျဉ်းသားမိသားစုများ စောင့်ဆိုင်းနေကြဆဲ။ (ဒီဇင်ဘာ ၃၁၊ ၂၀၁၃)
အကျဉ်းသားမိသားစုများ စောင့်ဆိုင်းနေကြဆဲ။ (ဒီဇင်ဘာ ၃၁၊ ၂၀၁၃)
သမ္မတဦးသိန်းစိန်က ကိုယ့်သဘောနဲ့ကိုယ် ကတိပေးခဲ့တဲ့ ၂၀၁၃ ခု နှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေး မယ်ဆိုတဲ့ ရက်ကနေ သီတင်းငါးပတ်ကြာတဲ့ထိ ဒါဇင်ပေါင်းများစွာ အကျဉ်းထောင်တွေ ထဲမှာ ရှိနေသေးပြီး နောက်ထပ် အများအပြားလည်း အဖမ်းခံနေရတုန်းပဲလို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ဗွီအိုအေကိုပြောပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် နိုင်ငံရေးအကျဉ်းသား ၃၃ ဦး ကျန်နေသေး တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောတာပါ။

အဲဒီကြေညာချက်ထုတ်ပြီးနောက်ပိုင်း မှာ နိုင်ငံရေးအကျဉ်းသားကိစ္စရပ် ပြီးပြတ်သွားပြီလို့ အစိုးရတာဝန်ရှိသူတွေက ပြောကြပါတယ်။
နိုင်ငံရေး အကျဉ်းသားကိစ္စရပ် ပြီးပြတ်သွားပြီလို့ အစိုးရဘက်က ဘယ်လိုပြောဆိုချက်မျိုးမဆို ရိုးသားမှုမရှိတာဖြစ်တယ်လို့ AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က သောကြာနေ့မှာ ဗွီအိုအေကိုပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းကတည်းကဆိုရင် လူ ၁၀ ယောက်ထက် မနည်းကို နိုင်ငံရေးဆက်စပ်တဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခဲ့တယ်လို့ AAPP က ပြောပါတယ်။ ထပ်ပြီး အဖမ်းခံရတဲ့ လူအများအပြား ဟာ နောက်ဆုံး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အလားတူ ပုဒ်မ တွေနဲ့ပဲ ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ AAPP က ပြောပါတယ်။
လူပေါင်း၁၄၈ ယောက်ထက် မနည်းဟာ ပြစ်ဒဏ် ချမှတ် ခံရဖို့ စောင့်ဆိုင်းနေကြရတယ်လို့ AAPP က ပြောပါတယ်။
XS
SM
MD
LG