သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သူရဦးေအာင္ကိုနဲ႔ ႏိုင္/က်ဥ္းတခ်ိဳ႕ ျပန္လြတ္ေျမာက္


သူရ ဦးေအာင္ကို သာသနာေရးနဲ႔ ယဥ္ေက်းမႈ ဝန္ႀကီးေဟာင္း

(zawgyi/unicode)

NLD အစိုးရ သာသာနာေရးနဲ႔ယဥ္ေက်းမႈဝန္ႀကီးျဖစ္သူ သူရဦးေအာင္ကိုဟာ မေန႔ညပိုင္းကတည္းက အက်ဥ္းေထာင္က ျပန္လည္လြတ္ေျမာက္ၿပီး ေနအိမ္ေရာက္ရွိေနၿပီလို႔သိရပါတယ္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန စစ္တပ္က အာဏာသိမ္းၿပီးကတည္းက အစိုးရအဖြဲ႕ဝင္ေတြ NLD ေခါင္းေဆာင္ေတြနဲ႔အတူ သူရဦးေအာင္ကိုလည္း ဖမ္းဆီးျခင္းခံခဲ့ရတာပါ။ သူရဦးေအာင္ကို ကို အဂတိလိုက္စားမႈစြဲခ်က္နဲ႔ ၿပီးခဲ့တဲ့ႏွစ္ဆန္းပိုင္းက အလုပ္နဲ႔ေထာင္ဒဏ္ ၁၂ႏွစ္ခ်မွတ္ခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ ထင္ရွားတဲ့ NLD အဖြဲ႕ဝင္ျဖစ္တဲ့ ေဒၚသန္းျမင့္ေအာင္အက်ဥ္းေထာင္ကေန ျပန္လည္လြတ္ေျမာက္လာတယ္လို႔လည္း သိရပါတယ္။ ရန္ကုန္အင္းစိန္အပါအဝင္ နယ္ေထာင္တခ်ိဳ႕ကေန ႏိုင္ငံေရးတတ္ႂကြလႈပ္ရွားသူတခ်ိဳ႕ ျပန္လြတ္ေနတယ္သတင္းေတြ ၾကားရေပမယ့္၊ သီးျခားအတည္ျပဳလို႔မရေသးပါဘူး။ ျပစ္ဒဏ္က်ခံဖို႔ တႏွစ္ပဲက်န္တဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ျပန္လႊတ္ဖို႔ရွိတယ္လို႔ အက်ဥ္းဦးစီးနဲ႔နီးစပ္တဲ့ ေရွ႕ေနတဦးကလည္း ဗြီအိုေအကို ေျပာပါတယ္။
လြတ္လပ္ေရးေန႔အထိမ္းအမွတ္ စစ္ေကာင္စီက အက်ဥ္းသားတခ်ိဳ႕ကို လႊတ္ေပးမယ္လို႔ သတင္းေတြ ထြက္ေနတာေၾကာင့္လည္း၊ အက်ဥ္းေထာင္ေတြေရွ႕မွာ အက်ဥ္းသားမိသားစုတခ်ိဳ႕ သြားေရာက္ေစာင့္ဆိုင္းေနၾကပါတယ္။

ျမန္မာႏိုင္ငံ လြတ္လပ္ေရးေန႔အထိမ္းအမွတ္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ အၾကမ္းဖက္မႈေတြရပ္တန႔္ၿပီး၊ မတရားဖမ္းဆီးထိမ္းသိမ္းထားသူေတြကို ျပန္လႊတ္ေပးဖို႔ စစ္ေကာင္စီကို တိုက္တြန္းေတာင္းဆိုထားပါတယ္။

(unicode)

NLD အစိုးရ သာသာနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ သူရဦးအောင်ကိုဟာ မနေ့ညပိုင်းကတည်းက အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ပြီး နေအိမ်ရောက်ရှိနေပြီလို့သိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ စစ်တပ်က အာဏာသိမ်းပြီးကတည်းက အစိုးရအဖွဲ့ဝင်တွေ NLD ခေါင်းဆောင်တွေနဲ့အတူ သူရဦးအောင်ကိုလည်း ဖမ်းဆီးခြင်းခံခဲ့ရတာပါ။ သူရဦးအောင်ကို ကို အဂတိလိုက်စားမှုစွဲချက်နဲ့ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက အလုပ်နဲ့ထောင်ဒဏ် ၁၂နှစ်ချမှတ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထင်ရှားတဲ့ NLD အဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်သန်းမြင့်အောင်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့လည်း သိရပါတယ်။ ရန်ကုန်အင်းစိန်အပါအဝင် နယ်ထောင်တချို့ကနေ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတချို့ ပြန်လွတ်နေတယ်သတင်းတွေ ကြားရပေမယ့်၊ သီးခြားအတည်ပြုလို့မရသေးပါဘူး။ ပြစ်ဒဏ်ကျခံဖို့ တနှစ်ပဲကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့ရှိတယ်လို့ အကျဉ်းဦးစီးနဲ့နီးစပ်တဲ့ ရှေ့နေတဦးကလည်း ဗွီအိုအေကို ပြောပါတယ်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်ကောင်စီက အကျဉ်းသားတချို့ကို လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်နေတာကြောင့်လည်း၊ အကျဉ်းထောင်တွေရှေ့မှာ အကျဉ်းသားမိသားစုတချို့ သွားရောက်စောင့်ဆိုင်းနေကြပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အကြမ်းဖက်မှုတွေရပ်တန့်ပြီး၊ မတရားဖမ်းဆီးထိမ်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းတောင်းဆိုထားပါတယ်။

XS
SM
MD
LG