သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံရသူ ၁,၃၀၀ ေက်ာ္ျပန္လႊတ္


အင္းစိန္ေထာင္ အဝင္ဝဂိတ္ႏွင့္ ေထာင္ဝန္ထမ္းတခ်ဳိ႕။ ေအာက္တိုဘာ ၁၁၊ ၂၀၁၁။

{{Zawgyi/Unicode}}

စစ္အာဏာသိမ္းၿပီးေနာက္ ဆႏၵျပလို႔ ဖမ္းဆီး ျပစ္ဒဏ္ခ်ခံထားရတဲ့ အက်ဥ္းသား ၁၃၀၀ ေက်ာ္ကို ကန႔္သတ္ခ်က္နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳလိုက္သလို အမႈရင္ဆိုင္ေနရာသူ ၄ ေထာင္ေက်ာ္ကိုလည္း အမႈေတြ ပိတ္သိမ္းၿပီး လႊတ္ေပးမယ္လို႔ ထုတ္ျပန္ေၾကညာပါတယ္။ ဒီေန႔ ျပန္လည္ လြတ္ေျမာက္လာၾကသူေတြထဲမွာ NLD ပါတီဗဟိုေကာ္မတီဝင္တေယာက္အျပင္ DVB နဲ႔ မဇၨိမသတင္းဌာနက သတင္းေထာက္ေတြ ပါတဲ့အေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက စံုစမ္းတင္ျပေပးထားပါတယ္။

သီတင္းကြၽတ္ကာလမွာ ဖမ္းဆီးထားသူ စုစုေပါင္း ၁,၃၀၀ ေက်ာ္ လႊတ္ေပးမယ္လို႔ စစ္ေကာင္စီက ဒီေန႔ ေအာက္တိုဘာလ ၁၈ ရက္မွာ ေၾကညာပါတယ္။ ဆူပူဆႏၵျပမႈေတြေၾကာင့္ ျပစ္ဒဏ္က်ခံေနရသူ ၁,၃၁၆ ေယာက္ကို ေနာက္တႀကိမ္ ျပစ္မႈ ထပ္မံက်ဴးလြန္ရင္ အဲဒီျပစ္ဒဏ္အျပင္ ယခုက်န္ရွိတဲ့ ျပစ္ဒဏ္တို႔နဲ႔ ေပါင္းၿပီး က်ခံရမယ္ဆိုတဲ့ ကန႔္သတ္ခ်က္နဲ႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳတယ္လို႔ စစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ေနာက္တခါ ဆႏၵျပမႈေတြမွာ ပါဝင္ခဲ့တဲ့ အတြက္ တရား႐ုံးအသီးသီးမွာ အမႈရင္ဆိုင္ေနရသူ ၄,၃၂၀ ကိုလည္း ၾကားနာစစ္ေဆးေနတဲ့ အမႈေတြ ပိတ္သိမ္းၿပီး အမႈကေန လႊတ္ေပးမယ္လို႔ စစ္ေကာင္စီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက အမိန႔္ထုတ္ျပန္ခဲ့ပါတယ္။ ဒီေန႔ျပန္လြတ္လာသူေတြထဲမွာ NLD ဗဟိုေကာ္မတီဝင္၊ ဗဟိုျပန္ၾကားေရးတာဝန္ရွိသူတေယာက္ျဖစ္တဲ့ မုံ႐ြာေအာင္ရွင္ ျပန္လြတ္တယ္လို႔ သူ႔ဇနီးက အတည္ျပဳပါတယ္။ သတင္းေထာက္တခ်ိဳ႕လည္း ျပန္လြတ္လာၾကတဲ့ထဲမွာ ၿမိတ္ၿမိဳ႕အေျခစိုက္ DVB သတင္းေထာက္ ကိုေအာင္ေက်ာ္ က ပုဒ္မ ၄၀၁ ပုဒ္မခြဲ (၁) အရ ခံဝန္ကတိနဲ႔ လႊတ္ေပးတာျဖစ္တယ္လို႔ VOA ကို အခုလိုေျပာျပပါတယ္။

“ျပန္လြတ္လာတာကေတာ့ ၄၀၁ ဥပေဒအရေပါ့ေလ၊ က်ေနာ္တို႔ လက္မွတ္ထိုးၿပီးျပန္လႊတ္ေပးလိုက္တယ္။ လႊတ္ေပးထားေတာ့ ဘာေရးထားလဲဆိုေတာ့ ဒီျပစ္မႈကို ေနာက္တႀကိမ္မွာ က်ဴးလြန္မယ္ဆိုရင္ေတာ့က်န္ခဲ့တဲ့အေႂကြးက်န္ေတြကို ေနာက္တႀကိမ္မွာ ျပန္လည္ေပါင္းထည့္မယ္လို႔ေျပာတယ္။ က်ေနာ္တို႔ၿမိတ္ အက်ဥ္းေထာင္မွာ ၈၄ ေယာက္လြတ္တယ္။ ၅၀၅ ပုဒ္မနဲ႔ ဆြဲခံထားရသူေတြမ်ားတယ္။ ၅၀၅ နဲ႔ ဆြဲခံရသူေတြမ်ားတယ္။ ၅၀၅ အျပင္တျခားပုဒ္မေတြနဲ႔ တပ္ခံရသူေတြက အထဲမွာက်န္ေနရတုန္းပဲ။”

သတင္းထာက္ ကိုေအာင္ေက်ာ္အပါအဝင္ ဖမ္းဆီးခံသူေတြဟာ စစ္ေၾကာေရးကာလမွာ အျပင္းအထန္ ႏွိပ္ စက္ညႇင္းပမ္းမႈေတြ ခံခဲ့ရတယ္လို႔ဆိုပါတယ္။ အလားတူ သတင္းယူရင္း အဖမ္းခံရတဲ့ DVB သတင္းေထာက္ ကိုမင္းညိဳကေတာ့ ျပည္အက်ဥ္းေထာင္ကေန လြတ္ေျမာက္လာတာပါ။ ျပည္အက်ဥ္းေထာင္မွာ ႏိုင္ငံေရး အက်ဥ္းသားေတြအမ်ားအျပားရွိေနေပမယ့္ သူအပါအဝင္ ဒီကေန႔ျပန္လြတ္လာသူ ၈ ဦးသာရွိတယ္လို႔ ေျပာပါတယ္။

“ျပည္ေထာင္မွာ ၁၇၀ ေလာက္ရွိတယ္။ ၅၀၅ နဲ႔ဖမ္းရတာေလ။ ဒီေန႔လြတ္တာက ေယာက္က်ားေလး ၄ ေယာက္၊ မိန္းကေလး ၄ ေယာက္။ ၈ ေယာက္ပဲလြတ္ေသးတယ္။ က်ေနာ္တို႔က ကိုယ္လြတ္တာထက္ လူငယ္ေတြ အမ်ားႀကီးက်န္ေသးတယ္။ သူတို႔မ်က္ႏွာေတြၾကည့္ၿပီး က်ေနာ္တို႔ ဝမ္းမသာႏိုင္ဘူး။ ဒီကေလးေတြ အမ်ားစုက က်န္ေနခဲ့တာ။ သူတို႔မွာက ေမွ်ာ္လင့္ခ်က္ေတြနဲ႔ေလ။”

ဗီြအိုေအသတင္းဌာန ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္နဲ႔တျခားသတင္းေထာက္ေတြလည္း ျပန္လြတ္လာမယ္လို႔ စာေရးဆရာစည္သူေအာင္ျမင့္ရဲ႕အမႈလိုက္ေရွ႕ေနႀကီးဦးခင္ေမာင္ျမင့္ကေတာ့ အခုလိုေျပာသြားပါတယ္။

“ေဒၚသင္းသင္းေအာင္ပါမယ္-မဇၩိမက။ ဆရာစည္သူေအာင္ျမင့္ပါၿပီ။ မသူဇာပါမယ္။ သူတို႔က ၅၀၅ (က) နဲ႔ဆိုေတာ့။ မထက္ထက္ေအာင္နဲ႔ ကိုႏွင္းယုတို႔က်ေတာ့ စြဲထားတာက ေပါက္ကြဲ (၅) နဲ႔ဆိုေတာ့ ပါမယ္မပါမယ္ မေသခ်ာဘူး။ မထက္ထက္ခိုင္က BBC Media Action က။ သူက ဗဟန္း ၅၀၅ (က) က။ အဲဒါကေတာ့လြတ္တယ္။ ေနာက္ မဂၤလာေတာင္ၫြန႔္မွာ သူ႔ကို တမႈထပ္စြဲထားတာကေတာ့ မတရားအသင္း ဥပေဒ ပုဒ္မ ၁၇ (၁) နဲ႔။ သူကေတာ့ လႊတ္မလား မလႊတ္လားဆိုတာ မေသခ်ာေသးဘူး။ မနက္ျဖန္ ေစာင့္ၾကည့္ရအုန္းမွာေပါ့။”

ျမန္မာစစ္ေကာင္စီက အာဏာသိမ္းခဲ့တဲ့ ေဖေဖၚဝါရီလကစၿပီး ႏိုင္ငံတဝွမ္းလုံးမွာ သတင္းေထာက္ေတြ အမ်ားအျပားဖမ္းဆီးခံရတာ၊ၿခိမ္းေျခာက္ခံရတာေတြ ရွိခဲ့တာပါ။ အခုခ်ိန္မွာ သတင္းသမားအားလုံး ျပန္လည္လြတ္ေျမာက္တာမ်ိဳး မရွိေသးပါဘူး။သတင္းသမားေတြကို ဖမ္းဆီးတာဟာ ျမန္မာႏိုင္ငံမွာ ဘာေတြ ျဖစ္ေနသလဲဆိုတာကို ကမာၻကိုအသိမေပးခ်င္ေၾကာင့္ျဖစ္တယ္လို႔ လြတ္ေျမာက္လာတဲ့ DVB သတင္းေထာက္ ကိုေအာင္ေက်ာ္ကေတာ့ယူဆပါတယ္။ ဒါ့အျပင္ ျမန္မာ့ႏိုင္ငံေရးျဖစ္စဥ္ေျပာင္းလဲမႈႀကီးထဲမွာ ပါဝင္သူေတြအားလုံး လႊတ္ေပးဖို႔လိုတယ္လို႔လည္း ကိုေအာင္ေက်ာ္ကေျပာပါတယ္။

“သတင္းသမားေတြရွိမွ ျမန္မာႏိုင္ငံမွာ ဘာေတြျဖစ္ေနမလဲဆိုတာ အားလုံးကအမွန္အတိုင္းသိမွာေပါ့။သတင္းသမားေတြကိုဖမ္းဆီးတယ္ဆိုတာက တကမာၻလုံးက ေစာင့္ၾကည့္ေနတဲ့သူေတြေလ။ ျမန္မာျပည္ မွာ ဘာေတြျဖစ္သလဲဆိုတာကို မသိေအာင္လို႔ ဖမ္းဆီးတယ္လို႔ျမင္တယ္။ လက္ရွိမွာ ျပန္လႊတ္ေပးတယ္ ဆိုေပမယ့္ အမ်ားစုႀကီးက ႏိုင္ငံေရးျဖစ္စဥ္ေျပာင္းလဲမႈႀကီးမွာ ဖမ္းဆီးခံရသူေတြ အမ်ားႀကီးက်န္ေသးတယ္။ သူတို႔လည္း ျပန္လည္လြတ္ေျမာက္ဖို႔ေတာ့လိုတာေပါ့။”

အခုျပန္လြတ္ေျမာက္မယ့္အထဲမွာ မဇၩိမ သတင္းဌာနကို တြဲဖက္ တည္ေထာင္ခဲ့တဲ့ ေဒၚသင္းသင္းေအာင္နဲ႔ ႐ုံးဝန္ထမ္း ကိုဂ်ိမ္းပူေထာင္းတို႔ ႏွစ္ဦးပါဝင္မယ္လို႔ မိသားစုဝင္မ်ားက အတည္ျပဳေၾကာင္း မဇၩိမသတင္းဌာန ကေတာ့ေၾကညာပါတယ္။ ႏိုင္ငံေရးအက်ဥ္းသား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ AAPP ကေတာ့ ဖမ္းဆီးရင္း ႏွိပ္စက္ညႇင္းပမ္းခံရလို႔ေသဆုံး ၁၃၁ ဦးရွိခဲ့ေၾကာင္းနဲ႔ ထိန္းသိမ္းခံထားရသူ ၉,၀၀၀ ေက်ာ္ရွိတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္နဲ႔ ႏိုင္ငံေရး အက်ဥ္းသားအားလုံး ခြၽင္းခ်က္မရွိလႊတ္ေပးဖို႔လိုတယ္လို႔လည္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


-----------

{{Unicode}}

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလို့ ဖမ်းဆီး ပြစ်ဒဏ်ချခံထားရတဲ့ အကျဉ်းသား ၁၃၀၀ ကျော်ကို ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သလို အမှုရင်ဆိုင်နေရာသူ ၄ ထောင်ကျော်ကိုလည်း အမှုတွေ ပိတ်သိမ်းပြီး လွှတ်ပေးမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ဒီနေ့ ပြန်လည် လွတ်မြောက်လာကြသူတွေထဲမှာ NLD ပါတီဗဟိုကော်မတီဝင်တယောက်အပြင် DVB နဲ့ မဇ္ဇိမသတင်းဌာနက သတင်းထောက်တွေ ပါတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။

သီတင်းကျွတ်ကာလမှာ ဖမ်းဆီးထားသူ စုစုပေါင်း ၁,၃၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ဒီနေ့ အောက်တိုဘာလ ၁၈ ရက်မှာ ကြေညာပါတယ်။ ဆူပူဆန္ဒပြမှုတွေကြောင့် ပြစ်ဒဏ်ကျခံနေရသူ ၁,၃၁၆ ယောက်ကို နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ယခုကျန်ရှိတဲ့ ပြစ်ဒဏ်တို့နဲ့ ပေါင်းပြီး ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နောက်တခါ ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့ အတွက် တရားရုံးအသီးသီးမှာ အမှုရင်ဆိုင်နေရသူ ၄,၃၂၀ ကိုလည်း ကြားနာစစ်ဆေးနေတဲ့ အမှုတွေ ပိတ်သိမ်းပြီး အမှုကနေ လွှတ်ပေးမယ်လို့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့ပြန်လွတ်လာသူတွေထဲမှာ NLD ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးတာဝန်ရှိသူတယောက်ဖြစ်တဲ့ မုံရွာအောင်ရှင် ပြန်လွတ်တယ်လို့ သူ့ဇနီးက အတည်ပြုပါတယ်။ သတင်းထောက်တချို့လည်း ပြန်လွတ်လာကြတဲ့ထဲမှာ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော် က ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ ခံဝန်ကတိနဲ့ လွှတ်ပေးတာဖြစ်တယ်လို့ VOA ကို အခုလိုပြောပြပါတယ်။

“ပြန်လွတ်လာတာကတော့ ၄၀၁ ဥပဒေအရပေါ့လေ၊ ကျနော်တို့ လက်မှတ်ထိုးပြီးပြန်လွှတ်ပေးလိုက်တယ်။ လွှတ်ပေးထားတော့ ဘာရေးထားလဲဆိုတော့ ဒီပြစ်မှုကို နောက်တကြိမ်မှာ ကျူးလွန်မယ်ဆိုရင်တော့ကျန်ခဲ့တဲ့အကြွေးကျန်တွေကို နောက်တကြိမ်မှာ ပြန်လည်ပေါင်းထည့်မယ်လို့ပြောတယ်။ ကျနော်တို့မြိတ် အကျဉ်းထောင်မှာ ၈၄ ယောက်လွတ်တယ်။ ၅၀၅ ပုဒ်မနဲ့ ဆွဲခံထားရသူတွေများတယ်။ ၅၀၅ နဲ့ ဆွဲခံရသူတွေများတယ်။ ၅၀၅ အပြင်တခြားပုဒ်မတွေနဲ့ တပ်ခံရသူတွေက အထဲမှာကျန်နေရတုန်းပဲ။”

သတင်းထာက် ကိုအောင်ကျော်အပါအဝင် ဖမ်းဆီးခံသူတွေဟာ စစ်ကြောရေးကာလမှာ အပြင်းအထန် နှိပ် စက်ညှင်းပမ်းမှုတွေ ခံခဲ့ရတယ်လို့ဆိုပါတယ်။ အလားတူ သတင်းယူရင်း အဖမ်းခံရတဲ့ DVB သတင်းထောက် ကိုမင်းညိုကတော့ ပြည်အကျဉ်းထောင်ကနေ လွတ်မြောက်လာတာပါ။ ပြည်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေအများအပြားရှိနေပေမယ့် သူအပါအဝင် ဒီကနေ့ပြန်လွတ်လာသူ ၈ ဦးသာရှိတယ်လို့ ပြောပါတယ်။

“ပြည်ထောင်မှာ ၁၇၀ လောက်ရှိတယ်။ ၅၀၅ နဲ့ဖမ်းရတာလေ။ ဒီနေ့လွတ်တာက ယောက်ကျားလေး ၄ ယောက်၊ မိန်းကလေး ၄ ယောက်။ ၈ ယောက်ပဲလွတ်သေးတယ်။ ကျနော်တို့က ကိုယ်လွတ်တာထက် လူငယ်တွေ အများကြီးကျန်သေးတယ်။ သူတို့မျက်နှာတွေကြည့်ပြီး ကျနော်တို့ ဝမ်းမသာနိုင်ဘူး။ ဒီကလေးတွေ အများစုက ကျန်နေခဲ့တာ။ သူတို့မှာက မျှော်လင့်ချက်တွေနဲ့လေ။”

ဗွီအိုအေသတင်းဌာန ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့တခြားသတင်းထောက်တွေလည်း ပြန်လွတ်လာမယ်လို့ စာရေးဆရာစည်သူအောင်မြင့်ရဲ့အမှုလိုက်ရှေ့နေကြီးဦးခင်မောင်မြင့်ကတော့ အခုလိုပြောသွားပါတယ်။

“ဒေါ်သင်းသင်းအောင်ပါမယ်-မဇ္ဈိမက။ ဆရာစည်သူအောင်မြင့်ပါပြီ။ မသူဇာပါမယ်။ သူတို့က ၅၀၅ (က) နဲ့ဆိုတော့။ မထက်ထက်အောင်နဲ့ ကိုနှင်းယုတို့ကျတော့ စွဲထားတာက ပေါက်ကွဲ (၅) နဲ့ဆိုတော့ ပါမယ်မပါမယ် မသေချာဘူး။ မထက်ထက်ခိုင်က BBC Media Action က။ သူက ဗဟန်း ၅၀၅ (က) က။ အဲဒါကတော့လွတ်တယ်။ နောက် မင်္ဂလာတောင်ညွန့်မှာ သူ့ကို တမှုထပ်စွဲထားတာကတော့ မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့။ သူကတော့ လွှတ်မလား မလွှတ်လားဆိုတာ မသေချာသေးဘူး။ မနက်ဖြန် စောင့်ကြည့်ရအုန်းမှာပေါ့။”

မြန်မာစစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး နိုင်ငံတဝှမ်းလုံးမှာ သတင်းထောက်တွေ အများအပြားဖမ်းဆီးခံရတာ၊ခြိမ်းခြောက်ခံရတာတွေ ရှိခဲ့တာပါ။ အခုချိန်မှာ သတင်းသမားအားလုံး ပြန်လည်လွတ်မြောက်တာမျိုး မရှိသေးပါဘူး။သတင်းသမားတွေကို ဖမ်းဆီးတာဟာ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို ကမ္ဘာကိုအသိမပေးချင်ကြောင့်ဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ DVB သတင်းထောက် ကိုအောင်ကျော်ကတော့ယူဆပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုကြီးထဲမှာ ပါဝင်သူတွေအားလုံး လွှတ်ပေးဖို့လိုတယ်လို့လည်း ကိုအောင်ကျော်ကပြောပါတယ်။

“သတင်းသမားတွေရှိမှ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေမလဲဆိုတာ အားလုံးကအမှန်အတိုင်းသိမှာပေါ့။သတင်းသမားတွေကိုဖမ်းဆီးတယ်ဆိုတာက တကမ္ဘာလုံးက စောင့်ကြည့်နေတဲ့သူတွေလေ။ မြန်မာပြည် မှာ ဘာတွေဖြစ်သလဲဆိုတာကို မသိအောင်လို့ ဖမ်းဆီးတယ်လို့မြင်တယ်။ လက်ရှိမှာ ပြန်လွှတ်ပေးတယ် ဆိုပေမယ့် အများစုကြီးက နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုကြီးမှာ ဖမ်းဆီးခံရသူတွေ အများကြီးကျန်သေးတယ်။ သူတို့လည်း ပြန်လည်လွတ်မြောက်ဖို့တော့လိုတာပေါ့။”

အခုပြန်လွတ်မြောက်မယ့်အထဲမှာ မဇ္ဈိမ သတင်းဌာနကို တွဲဖက် တည်ထောင်ခဲ့တဲ့ ဒေါ်သင်းသင်းအောင်နဲ့ ရုံးဝန်ထမ်း ကိုဂျိမ်းပူထောင်းတို့ နှစ်ဦးပါဝင်မယ်လို့ မိသားစုဝင်များက အတည်ပြုကြောင်း မဇ္ဈိမသတင်းဌာန ကတော့ကြေညာပါတယ်။ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ကတော့ ဖမ်းဆီးရင်း နှိပ်စက်ညှင်းပမ်းခံရလို့သေဆုံး ၁၃၁ ဦးရှိခဲ့ကြောင်းနဲ့ ထိန်းသိမ်းခံထားရသူ ၉,၀၀၀ ကျော်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မရှိလွှတ်ပေးဖို့လိုတယ်လို့လည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

#MyanmarMilitaryCoup #MyanmarPoliticalPrisoners #VOABurmese
#အိန္ဒြာကျော်ဇင်#ဝင်းမင်းသန်း#လွတ်ငြိမ်းချမ်းသာ#၄၀၁#CRPH#NUG

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG