အီရန္ႏိုင္ငံက အက်ဥ္းသားေတြကို ကေနဒါနဲ႔ ဥေရာပႏိုင္ငံေတြရဲ႕ လႊတ္ေတာ္အမတ္ေတြက ကူညီၾကမယ္လို႔ ကမကထျပဳ အာမခံခ်က္ ေပးလိုက္ၾကပါတယ္။
ဒီလိုကူညီဖို႔ အာမခံခ်က္ ေပးလိုက္တာဟာ အီရန္သံအမတ္ေတြနဲ႔ ဆက္သြယ္ဆက္ဆံတဲ့အခါ လႊတ္ေတာ္အမတ္ေတြက သူတို႔ရဲ႕ ႏိုင္ငံေရးၾသဇာကို အသုံးျပဳလိုက္ၾကတဲ့သေဘာ ျဖစ္ပါတယ္။ ဒါဟာ အီရန္ႏိုင္ငံေရး အက်ဥ္းသားတစ္ေယာက္ခ်င္းစီရဲ႕ ဒုကၡကို တျခားႏိုင္ငံေရးသမားေတြနဲ႔ လူ႔အခြင့္အေရး အဖြဲ႔အစည္းေတြက အာ႐ုံစိုက္လာၾကေအာင္ လုပ္လိုက္တာလည္း ျဖစ္ပါတယ္။ အခုလို တစ္ေယာက္ခ်င္းအေပၚ ႏိုင္ငံတကာက အာ႐ုံစိုက္လာၾကျခင္းအားျဖင့္ ေသဒဏ္အပါအဝင္ ျပင္းထန္တဲ့ စီရင္ခ်က္ေတြကို အီရန္တရားသူႀကီးေတြက ခ်မွတ္မယ့္ အေရးကေန အကာအကြယ္ ေပးလာႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ၾကတာပါ။ တရားသူႀကီးေတြက အမႈအမ်ားစုကို အမ်ားျပည္သူ အသိအျမင္မခံဘဲ စီရင္ေနၾကတာ ျဖစ္ပါတယ္။ အက်ဥ္းသားေတြကို ဘယ္မွာဖမ္းဆီးထားတယ္၊ ဘယ္လို အေျခအေနေအာက္မွာ အက်ဥ္းခ်ထားတယ္ ဆိုတာေတြကိုလည္း မိသားစု အမ်ားစုက မသိ႐ွိၾကပါဘူး။
အသက္ ၂၂ အ႐ြယ္ အမ်ိဳးသမီးငယ္ မာစာအာမီနီကို ျပဌာန္းခ်က္နဲ႔အညီ ေခါင္းစည္းစည္းတာ မေသသပ္တဲ့အတြက္ ဘာသာေရးရဲက ဖမ္းဆီးခဲ့ၿပီး၊ ထိန္းသိမ္းထားစဥ္ ေသဆုံးသြားခဲ့ရာကစလို႔ အီရန္ႏိုင္ငံတလႊားမွာ ဆႏၵျပပြဲေတြ ျဖစ္ပြါးခဲ့တာပါ။ တရား႐ုံးေတြက ဆႏၵျပသူတခ်ဳိ ႔ကို ေသဒဏ္ စီရင္ခဲ့ပါတယ္။
အီရန္ႏိုင္ငံမွာ အစၥလာမ္ဥပေဒကို က်င့္သုံးၿပီး၊ ဘာသာေရးေခါင္းေဆာင္ေတြက အစိုးရကို ဦးေဆာင္ေနၾကပါတယ္။
==== Unicode =====
အီရန်နိုင်ငံက အကျဉ်းသားတွေကို ကနေဒါနဲ့ ဥရောပနိုင်ငံတွေရဲ့ လွှတ်တော်အမတ်တွေက ကူညီကြမယ်လို့ ကမကထပြု အာမခံချက် ပေးလိုက်ကြပါတယ်။
ဒီလိုကူညီဖို့ အာမခံချက် ပေးလိုက်တာဟာ အီရန်သံအမတ်တွေနဲ့ ဆက်သွယ်ဆက်ဆံတဲ့အခါ လွှတ်တော်အမတ်တွေက သူတို့ရဲ့ နိုင်ငံရေးသြဇာကို အသုံးပြုလိုက်ကြတဲ့သဘော ဖြစ်ပါတယ်။ ဒါဟာ အီရန်နိုင်ငံရေး အကျဉ်းသားတစ်ယောက်ချင်းစီရဲ့ ဒုက္ခကို တခြားနိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အာရုံစိုက်လာကြအောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်။ အခုလို တစ်ယောက်ချင်းအပေါ် နိုင်ငံတကာက အာရုံစိုက်လာကြခြင်းအားဖြင့် သေဒဏ်အပါအဝင် ပြင်းထန်တဲ့ စီရင်ချက်တွေကို အီရန်တရားသူကြီးတွေက ချမှတ်မယ့် အရေးကနေ အကာအကွယ် ပေးလာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြတာပါ။ တရားသူကြီးတွေက အမှုအများစုကို အများပြည်သူ အသိအမြင်မခံဘဲ စီရင်နေကြတာ ဖြစ်ပါတယ်။ အကျဉ်းသားတွေကို ဘယ်မှာဖမ်းဆီးထားတယ်၊ ဘယ်လို အခြေအနေအောက်မှာ အကျဉ်းချထားတယ် ဆိုတာတွေကိုလည်း မိသားစု အများစုက မသိရှိကြပါဘူး။
အသက် ၂၂ အရွယ် အမျိုးသမီးငယ် မာစာအာမီနီကို ပြဌာန်းချက်နဲ့အညီ ခေါင်းစည်းစည်းတာ မသေသပ်တဲ့အတွက် ဘာသာရေးရဲက ဖမ်းဆီးခဲ့ပြီး၊ ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့ရာကစလို့ အီရန်နိုင်ငံတလွှားမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွါးခဲ့တာပါ။ တရားရုံးတွေက ဆန္ဒပြသူတချို့ကို သေဒဏ် စီရင်ခဲ့ပါတယ်။
အီရန်နိုင်ငံမှာ အစ္စလာမ်ဥပဒေကို ကျင့်သုံးပြီး၊ ဘာသာရေးခေါင်းဆောင်တွေက အစိုးရကို ဦးဆောင်နေကြပါတယ်။