သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုကိုရှုတ်ချဖို့ မွတ်ဆလင်ခေါင်းဆောင်တွေကို Pope တိုက်တွန်း


ပုပ်ရဟန်းမင်းကြီး Francis
ပုပ်ရဟန်းမင်းကြီး Francis

အစ္စလာမ်နာမည်ကိုသုံးပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတာတွေကို ကမ္ဘာ့မူဆလင်ခေါင်းဆောင်တွေ ရှုတ်ချကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါတယ်။ ဒါမှသာ အနောက်ကမ္ဘာမှာ အစ္စလာမ်နဲ့အကြမ်းဖက်မှုကို အတူတူပဲလို့ရှုမြင်နေကြတဲ့ မှားယွင်းတဲ့အယူစွဲတွေ ပျောက်သွား အောင်လုပ်နိုင်မှာဖြစ်တယ်လို့ အစ္စတန်ဘူးလ်မြို့ကနေ ရောမမြို့ကိုအပြန် လေယာဉ်ပေါ်မှာ ပုပ်ရဟန်းမင်းကြီးက သတင်းထောက်တွေကို မိန့်ကြားခဲ့တာပါ။

အကြမ်းဖက်လုပ်ရပ်တွေကိုတွေ့ရတဲ့အခါ လူတွေက ဒီဒေသမှာတင် မဟုတ်ပါဘူး။ အာဖရိကမှာပါ အစ္စလာမ်ဆိုရင်ဒေါသထွက်ကြတဲ့၊ အစ္စလာမ်မုန်းတီးတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ ဒါက အစ္စလာမ်ဘာသာဝင် အများအပြားအတွက် မခံချင်စရာပါ။ ဒီလို မခံချင်သူအများအပြားက အစ္စလာမ်ဟာ အကြမ်းဖက်တာ မဟုတ်ဘူး။ ကိုရမ်ဟာ ငြိမ်းချမ်းရေးစာတအုပ်၊ ငြိမ်းချမ်းရေးတမန်တော် စာအုပ်တအုပ်လို့ ပြောကြရတဲ့အကြောင်း ပုပ်ရဟန်းမင်းကြီး Francis က မိန့်ကြားသွားတာပါ။

သုံးရက်ကြာ ခရီးစဉ်အတွင်းမှာ ဒီသတင်းစကားကိုပဲ တူရကီသမ္မတ Recep Tayyip Erdogan ကို ပြောဆိုခဲ့တယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားပါတယ်။

ဆီရီးယားနဲ့အီရတ်နိုင်ငံတွေမှာ နယ်မြေတွေအများအပြားကို တိုက်ခိုက်သိမ်းယူပြီး အဲဒီမှာရှိတဲ့ အစွန်းရောက်ဝါဒ မထောက်ခံသူတွြေုဖစ်ကြတဲ့ ရှီအာ၊ ခရစ်ယာန်နဲ့ဆူနီတွေကို ဒေသကနေ မောင်းထုတ်တာ၊ သတ်ဖြတ်တာတွေကို အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ IS က လတွေနဲ့ချီ လုပ်ဆောင်နေချိန်မှာ ပုပ်ရဟန်းမင်းကြီးက ခုလို တိုက်တိုက်ဆိုင်ဆိုင် မိန့်ကြားသွားတာပါ။

XS
SM
MD
LG