သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆိုတော် Justin Bieber ပြစ်မှုသေးအတွက် ဒဏ်ရိုက်ခံရ


မီယာမီ တရားရုံးတွင် Justin Bieber ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ (ဇန်နဝါရီ ၂၃၊ ၂၀၁၄)
မီယာမီ တရားရုံးတွင် Justin Bieber ကို ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးစဉ်။ (ဇန်နဝါရီ ၂၃၊ ၂၀၁၄)

အမေရိကန် ပြည်ထောင်စု၊ မိုင်ယာမီ ကမ်းခြေမှာ လွန်ခဲ့တဲ့ ခုနှစ်လ က အဖမ်းခံခဲ့ရတဲ့ အဆိုတော် ဂျက်စတင် ဘီဘာဟာ ကားကို မဆင်မခြင် မောင်းနှင်မှု၊ ဖမ်းဆီးတာကို ခုခံမှုစတဲ့ ပြစ်မှုသေးတွေကို အပြစ်ရှိပါတယ်လို့ ဒီကနေ့မှာ ဝန်ခံလိုက်ပါတယ်။

ဒီ အမှု ကို မိုင်ယာမီ က တရားရုံးမှာ ကြားနာခဲ့ပြီး မနေ့က ဘီဘာဟာ ရုံးမတက်ပဲ ဝန်ခံချက် ကို ပေးခဲ့ပါတယ်။ အသက် ၂၀ အရွယ် အဆိုကျော်ဟာ အစိုးရ ရှေ့နေတွေ ကမ်းလှမ်းတဲ့ ဒေါသ ထိန်းချုပ်တဲ့ သင်တန်းကို ၁၂ နာရီကြာ တက်ရောက်ဖို့၊ တရားရုံး ဒဏ်ကြေးနဲ့ ဒေါ်လာ ၅၀,၀၀၀ ကို အလှူငွေအဖြစ် လှူဒါန်း ဖို့ သဘောတူခဲ့ပါတယ်။ အဲဒီလို လက်ခံလိုက်တဲ့ အတွက် ဘီဘာကို မူးယစ်စေတဲ့ အရာတွေသုံးစွဲပြီး ကားမောင်းမှုနဲ့ စွဲဆိုတာကနေ ရှောင်ရှားနိုင်ခဲ့ပါတယ်။

ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ ပြိုင်ကားတွေကို အပြိုင် မောင်းတယ်လို့ ရဲတွေက စွပ်စွဲခဲ့ပြီး ကနေဒါမှာ မွေးတဲ့ ဘီဘာနဲ့ R and B အဆိုတော် Khalil Amir Sharieff ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခဲ့စဉ် လေမှုတ်စမ်းသပ်ချက်မှာတော့ သူရဲ့ သွေးထဲမှာ အရက်ပါဝင်နှုန်းဟာ ငယ်ရွယ်သူတစ်ယောက်မှာ ရှိသင့်တာထက် မပိုခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဆီး စစ်ကြည့်တဲ့အခါမှာတော့ ဆေးခြောက်နဲ့ အခြား မူးယစ်ဆေးတမျိုး သုံးစွဲထားတာကို တွေ့ခဲ့ရပါတယ်။

XS
SM
MD
LG