သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အာရှခရီးစတင်


ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ သီတင်းတပတ်ကြာ အာရှခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ရောမမြို့ကနေ သီရိလင်္ကာနဲ့ ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုကက်သလစ်ဘာသာအနဲ့ ရင်းနှီးဖို့ကြိုးစားတဲ့တစိတ်တပိုင်းအဖြစ် ပုပ်ရဟန်းမင်းကြီးဟာ အာရှကိုဒုတိယအကြိမ်ခရီးထွက်ခြင်း ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကနေ ပြန်လည်နလန်ထူနေတဲ့ သီရိလင်္ကာမှာ မတူကွဲပြားတဲ့ဘာသာတွေကြား ချစ်ကြည်ရင်းနှီးစွာနေထိုင်ဖို့ တိုက်တွန်းချက် နဲ့အတူ ပုပ်ရဟန်းမင်းကြီးဟာ အင်္ဂါနေ့မှာ သီရိလင်္ကာနိုင်ငံကို ဆိုက်ရောက်မှာဖြစ်ပါတယ်။

ဘာသာရေးလူနည်းစုတွေအပေါ် ရိုသေလေးစားမှုတိုးဖို့ ကတိပေးချက်နဲ့အတူ ပြီးခဲ့တဲ့သီတင်းပတ်က ရွေးကောက်ပွဲမှာ မမျှော်လင့်ဘဲ အနိုင်ရရှိခဲ့တဲ့ သီရိလင်္ကာသမ္မတသစ် Maithripala Sirisena ကပုပ်ရဟန်းမင်းကြီးကို ကြိုဆိုမှာဖြစ်ပါတယ်။ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ပေမဲ့လို့လည်း လူများစု Sinhalese နဲ့လူနည်းစု တိုင်းရင်း Tamil အုပ်စုတွေပါဝင်တဲ့ လူ့အဖွဲ့အစည်းမှာ အဓိကကြားဝင် စည်းရုံးပေးတဲ့ အားတရပ်အဖြစ် ကက်သလစ်ဘာသာက ခံယူထားတာဖြစ်ပါတယ်။ Sinhalese တွေဟာ အများအားဖြင့် ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး Tamil တွေက ဟိန္ဒူဘာသာဝင်အများစုဖြစ်ပါတယ်။

သီရိလင်္ကာရောက်ရှိစဉ် ပုပ်ရဟန်းမင်းကြီးဟာ သီရိလင်္ကာရဲ့ပထမဆုံးသူတော်စင် Joseph Vaz ကို ကက်သလစ်ဘာသာအရ ချီးမြှောက်ပေးမှာ ဖြစ်ပါတယ်။ ကြာသာပတေးနေ့မှာ ပုပ်ရဟန်းမင်းကြီးဟာ အာရှမှာ ရိုမန်ကက်သလစ်ဘာသာအများဆုံးနေထိုင်ရာ ဖိလစ်ပိုင်ကို သွားရောက်မှာဖြစ်ပါတယ်။ လေဟာပြင်မှာကျင်းပမယ့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ ဝတ်ပြုဆုတောင်းပွဲကြီးကို လူ သန်းပေါင်းများစွာ တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG