သက္ေတာ္ ၉၅ ႏွစ္ ႐ွိၿပီျဖစ္တဲ့ ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict ဟာ ဒီေန႔ ကြယ္လြန္သြားပါတယ္။ ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict ကက္သလစ္ ဘာသာဝင္ေတြရဲ႕ ၾသဇာအႀကီးဆုံး ေခါင္းေဆာင္တဦးအျဖစ္ ၈ ႏွစ္ၾကာ တာဝန္ယူၿပီးတဲ့ေနာက္ က်န္းမာေရးေၾကာင့္ ၂၀၁၃ ခုႏွစ္မွာ ရာထူးက ႐ုတ္တရက္ အနားယူသြားခဲ့တာပါ။
သူ႔အေနနဲ႔ စိတ္ပိုင္းေရာ၊ ႐ုပ္ပိုင္အရပါ ပုပ္ရဟန္းအျဖစ္နဲ႔ တာဝန္ထမ္းေဆာင္ႏိုင္စြမ္း မ႐ွိေတာ့တဲ့အတြက္ ရာထူးကေန အနားယူမယ့္အေၾကာင္း ေျပာၾကားလိုက္ခ်ိန္ ပုပ္ရဟန္းမင္းတဦးအေနနဲ႔ အခုလို ရာထူးက အနားယူတာ ႏွစ္ေပါင္း ၆၀၀ အတြင္း၊ ပထမအႀကိမ္ ျဖစ္တာေၾကာင့္ အမ်ားစုက အံ့အားသင့္ခဲ့ၾကတာပါ။
ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict ဟာ အေတာ္ႀကီးမက်န္းမမာ ျဖစ္ေနတဲ့အတြက္ ဆုေတာင္းေပးေနပါေၾကာင္းနဲ႔ က်န္တဲ့သူေတြကလည္း သူ႕အတြက္ ဆုေတာင္းေပးၾကဖို႔ ကက္သလစ္ဘာသာဝင္ေတြရဲ႕ လက္႐ွိ ပုပ္ရဟန္းမင္းႀကီး Francis က ဒီဇင္ဘာ ၂၈ ရက္ေန႔ကပဲ ေျပာၾကားခဲ့ပါေသးတယ္။
ရာထူးက အနားယူသြားၿပီးတဲ့ေနာက္ သူ႔အေနနဲ႔ အမ်ားျမင္ကြင္းေ႐ွ႕ကို ထြက္လာေလ့မ႐ွိဘဲ ဆုေတာင္းဝတ္ျပဳတာနဲ႔ တရားထိုင္တာေတြပဲ ပုံမွန္ လုပ္ေနခဲ့တယ္လို႔ ဆိုပါတယ္။ ပုပ္ရဟန္းမင္းႀကီးေဟာင္း Benedict ဟာ ဂ်ာမနီႏိုင္ငံမွာ ၁၉၂၇ ခုႏွစ္က ေမြးဖြားခဲ့သူျဖစ္ၿပီး ဒုတိယကမၻာစစ္မျဖစ္ခင္ ငယ္စဥ္ဘဝကတည္း သာသနာ့ေဘာင္ကို ဝင္ခဲ့ပါတယ္။
=== Unicode =====
သက်တော် ၉၅ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဟာ ဒီနေ့ ကွယ်လွန်သွားပါတယ်။ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ကက်သလစ် ဘာသာဝင်တွေရဲ့ သြဇာအကြီးဆုံး ခေါင်းဆောင်တဦးအဖြစ် ၈ နှစ်ကြာ တာဝန်ယူပြီးတဲ့နောက် ကျန်းမာရေးကြောင့် ၂၀၁၃ ခုနှစ်မှာ ရာထူးက ရုတ်တရက် အနားယူသွားခဲ့တာပါ။
သူ့အနေနဲ့ စိတ်ပိုင်းရော၊ ရုပ်ပိုင်အရပါ ပုပ်ရဟန်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်နိုင်စွမ်း မရှိတော့တဲ့အတွက် ရာထူးကနေ အနားယူမယ့်အကြောင်း ပြောကြားလိုက်ချိန် ပုပ်ရဟန်းမင်းတဦးအနေနဲ့ အခုလို ရာထူးက အနားယူတာ နှစ်ပေါင်း ၆၀၀ အတွင်း၊ ပထမအကြိမ် ဖြစ်တာကြောင့် အများစုက အံ့အားသင့်ခဲ့ကြတာပါ။
ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဟာ အတော်ကြီးမကျန်းမမာ ဖြစ်နေတဲ့အတွက် ဆုတောင်းပေးနေပါကြောင်းနဲ့ ကျန်တဲ့သူတွေကလည်း သူ့အတွက် ဆုတောင်းပေးကြဖို့ ကက်သလစ်ဘာသာဝင်တွေရဲ့ လက်ရှိ ပုပ်ရဟန်းမင်းကြီး Francis က ဒီဇင်ဘာ ၂၈ ရက်နေ့ကပဲ ပြောကြားခဲ့ပါသေးတယ်။
ရာထူးက အနားယူသွားပြီးတဲ့နောက် သူ့အနေနဲ့ အများမြင်ကွင်းရှေ့ကို ထွက်လာလေ့မရှိဘဲ ဆုတောင်းဝတ်ပြုတာနဲ့ တရားထိုင်တာတွေပဲ ပုံမှန် လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ဟာ ဂျာမနီနိုင်ငံမှာ ၁၉၂၇ ခုနှစ်က မွေးဖွားခဲ့သူဖြစ်ပြီး ဒုတိယကမ္ဘာစစ်မဖြစ်ခင် ငယ်စဉ်ဘဝကတည်း သာသနာ့ဘောင်ကို ဝင်ခဲ့ပါတယ်။