သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေး ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်း နိုးဆော်

မြန်မာ့နိုင်ငံရေး ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်း နိုးဆော်
မြန်မာ့နိုင်ငံရေး ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်း နိုးဆော်

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ် (Benedict) က နှိုးဆော်လိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ကျော်က ယေရှုခရစ်တော် ဖွားမြင်ခဲ့တဲ့ အထိမ်းအမှတ်ပြုတဲ့ ဒီခရစ္စမတ်နေ့မှာ ပုပ်ရဟန်းမင်းကြီးက အခုလို တောင်းဆိုလိုက်တာပါ။

ဆီးရီးယားနိုင်ငံမှာ သွေးထွက်သံယိုမှုတွေ အဆုံးသတ်ဖို့ အာရှတဝန်းက ရေဘေးဒုက္ခသည်တွေ၊ အာဖရိက တောင်ပိုင်းက အငတ်ဘေး ရင်ဆိုင်နေရသူတွေ အပါအဝင် ကမ္ဘာတလွှားက ဒုက္ခသည်တွေအတွက် ရောမမြို့ စိန့်ပီတာစ် (St. Peter’s) ရင်ပြင်ကနေ တကမ္ဘာလုံးကို ပို့သတဲ့ ရိုးရာ ခရစ္စမတ် ဆုတောင်း မေတ္တာပို့သတဲ့အထဲ အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့အတွက် မျှော်လင့်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ခရစ္စမတ်အချိန်ကာလရဲ့ အတုအယောင် ပြိုးပြိုးပျက်ပျက် လင်းလက်တာတွေကို ကျော်လွန်ပြီး စစ်မှန်တဲ့ အဓိပ္ပါယ်ကို ရှာဖွေကြဖို့ စိန့်ပီတာစ်ရင်ပြင်မှာ ကျင်းပတဲ့ ခရစ္စမတ်နေ့ မတိုင်ခင် စနေနေ့ ညနေခင်း တရားပွဲမှာ ခရစ်ယာန်ဘာသာဝင်တွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

This item is part of
XS
SM
MD
LG