သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာစိုးဟောင်း ထောင်ကျ

ပုပ်ရဟန်းမင်းကြီး Pope Benedict ရဲ့ ဘဏ္ဍာထိန်းဖြစ်ခဲ့သူ Paolo Gabriele (မေလ ၂၃၊ ၂၀၁၂)။
ပုပ်ရဟန်းမင်းကြီး Pope Benedict ရဲ့ ဘဏ္ဍာထိန်းဖြစ်ခဲ့သူ Paolo Gabriele (မေလ ၂၃၊ ၂၀၁၂)။
ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘယ်နဲဒစ်(တ်) (Pope Benedict) ရဲ့ ဘဏ္ဍာထိန်းဖြစ်ခဲ့သူကို၊ ပုပ်ရဟန်းမင်း ကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ ခိုးယူပြီး စာနယ်ဇင်းသမား တစ်ဦးဆီကို ပေးပို့ခဲ့မှုဟာ ပြစ်မှုထင်ရှားတယ်လို့၊ ဗာတီကန် (Vatican) က တရားရုံးတစ်ရုံးကနေ စနေနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း ပုပ်ရဟန်းမင်းကြီးက ပါအိုလို ဂေဘရီရယ်လ် (Paolo Gabriele) အမည် ရှိတဲ့ ဒီပုဂ္ဂိုလ်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မယ်လို့၊ ဗာတီကန် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

စနေနေ့က တရားရုံးမှာ တရားသူကြီး ဂစ်ဆက်ပ်ဒိုင်လာထိုး (Giuseppe Daila Torre) က တရားသူကြီးသုံးဦးပါ အဖွဲ့ရဲ့ ဂေဘရီရယ်လ် အပေါ် ပြစ်ဒဏ်စီရင်ချက် အဖြစ် ထောင်ဒဏ် (၁၈) လ ချမှတ်ကြောင်း၊ ဖတ်ကြား ကြေညာသွားခဲ့ပါတယ်။ ဂေဘရီ ရယ်လ်ဟာ အသက် (၄၆) အရွယ် ကလေးသုံးယောက်ရဲ့ ဖခင်ဖြစ်ပြီးတော့၊ သူနဲ့ အမှုတွဲ တတွဲတည်း ဖြစ်တဲ့ ဗာတီကန် က ကွန်ပျူတာ ကျွမ်းကျင်သူကိုတော့ သီးခြား တရားစစ်ဆေးစီရင်မှာ ဖြစ်ပါတယ်။ မူလက တရားသူကြီး ဂစ်ဆက်ပ်ဒိုင်လာထိုး အပေါ် ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ၃၆ လ ချမှတ်ခဲ့ပေမဲ့၊ ဂေဘရီရယ်လ်ရဲ့ တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့မှုနဲ့ ပြစ်မှုမှတ်တမ်း ကင်းရှင်းတာတွေကို ထောက်ထားပြီး ချက်ချင်းပဲ ထောင်ဒဏ် (၁၈) လ လျှော့ပေါ့ချမှတ်ခဲ့တာပါ။

ဂေဘရီရယ်လ်က ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ ခိုးယူပြီးတော့၊ ဗာတီကန် ဘုရားရှိခိုးကျောင်းထဲမှာ ဖောက်လွဲဖောက်ပြန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲထားတဲ့ စာအုပ်တစ်အုပ်ကို ရေးသားနေသူ စာနယ်ဇင်းသမားဆီ ပေးပို့ခဲ့တယ် လို့ ဝန်ခံထွက်ဆိုခဲ့ ပါတယ်။ ဂေဘရီရယ်လ်က သူ့ကို ခွင့်လွှတ်ဖို့ ပုပ်ရဟန်းမင်းကြီး ဘယ်နဲဒစ်(တ်) ဆီကို စာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG