သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းသစ် တရားဝင် တင်မြှောက်ပွဲ Vatican မှာကျင်းပ


ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ဘုရားကျောင်းတွေ နဲ့ ဝေနေယျသတ္တဝါ အပေါင်းကို အကာအကွယ်ပေး စောင့်ရှောက်ကြဖို့၊ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ဗာတီကန်မှာရှိတဲ့ စိန့်ပီတာ ရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီးအဖြစ် တရားဝင် တင်မြှောက်တဲ့အခမ်း အနားမှာ ပုပ်ရဟန်းမင်းက လူထုပရိသတ်ကို ပန်ကြားလိုက်တာပါ။

ကြည်လဲ့နေတဲ့ ကောင်းကင်ပြာအောက်မှာ တက်ရောက်လာတဲ့ လူပေါင်း ၁ သိန်းခွဲလောက်ကို ပုပ်ရဟန်းမင်းကြီး Francis က အီတလီ ဘာသာစကားနဲ့ မနေ့တုန်းကဟောပြောခဲ့ပါတယ်။ဒီအထဲမှာ နိုင်ငံပေါင်း ၁၃၀ က နိုင်ငံရေးခေါင်းဆောင်တွေနဲ့၊ ဘာသာရေးအဖွဲ့အစည်း အသီးသီးက တာဝန်ရှိ ကိုယ်စားလှယ်တွေလည်း ပါဝင်ကြပါတယ်။

ဧည်သည့်တော်တွေထဲမှာတော့ Orthodox ခရစ်ယာန်တွေရဲ့ ဘာသာရေးခေါင်းဆောင် ဂိုဏ်းချုပ်ဆရာတော် Bartholomew လည်း ပါဝင်ပါတယ်။ အစ်စတန်ဘူူ အခြေစိုက် တဲ့ ရှေးရိုး Orthodox ခရစ်ယာန်တွေရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီးတဦး၊ အခုလို ပုပ်ရဟန်းမင်း တရားဝင်တင်မြှောက်ပွဲကို လာရောက်တာဟာ ခရစ်ယာန်ဘာသာ ဂိုဏ်ကြီး နှစ်ဂိုဏ်းကွဲခဲ့တဲ့ နှစ်ပေါင်း တထောင်နီးပါးအတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါ တယ်။

မနေ့အစောပိုင်းတုန်းကတော့ ပုပ်ရဟန်းမင်းကြီးဟာ သူ့ကို ဂုဏ်ပြုဖို့လာရောက်တဲ့ လူထုပရိသတ်တွေကို အမိုးဖွင့်ကားငယ်နဲ့ စိန့်ပီတာရင်ပြင်ကို လှည့်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီမှာ မကြာခဏ ရပ်နားပြီး ကလေးငယ်တွေနဲ့၊ မသန်စွမ်းသူတဦးကို ကောင်ချီးပေး ခဲ့ပါတယ်။ ဒီ့နောက်တော့ ပုပ်ရဟန်းမင်း ပုလ္လင်နဲ့ အထိမ်းအမှတ်လက်စွပ် စတဲ့ ပုပ်ရဟန်းမင်း အဆောင်အယောင်တွေကို လက်ခံယူပြီး၊ ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်မှု ခံယူပါတယ်။
XS
SM
MD
LG