သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီလရှင်ကြီး ၄ ပါး သူတော်စင်အဖြစ် ချီးမြှောက်ခံရ


ပါလက်စတိုင်းလူမျိုး ၂ ယောက်အပါအဝင် ခရစ်ယာန် သီလရှင် ၄ ပါးဟာ Roman Catholic ခရစ်ယာန်ဘုရားကျောင်းရဲ့သူတော်စင် အသစ်တွေဖြစ်တယ်လို့ တနင်္ဂနွေနေ့က Vatican ကျောင်းတော် လူထုစည်းဝေးပွဲမှာ Pope ရဟန်းမင်းကြီး Francis က ကြေညာလိုက်ပါ တယ်။

Mariam Bawardy နဲ့ Marie Alphonsine Ghattas လို့ခေါ်တဲ့ ခရစ်ယာန်သီလရှင် ၂ ပါး ဟာ ၁၉ရာစုနှစ် ပါလက်စတိုင်းမှာ နေထိုင်ခဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့ ၂ ပါးကို သူတော်စင်အဖြစ် အသိအမှတ်ပြုပွဲဟာ အရှေ့အလယ်ပိုင်းဒေသထဲမှာ အစလမ်အစွန်းရောက်တွေရဲ့ တိုက်ခိုက် သတ်ဖြတ်မှု လှိုင်းတံပိုးဒဏ်ကို ရင်ဆိုင်နေရတဲ့ ခရစ်ယာန်တွေကို အားပေးတဲ့အထိမ်းအမှတ်အဖြစ် ရှုမြင်နိုင်ပါတယ်။ အစောပိုင်း ခရစ်ယာန် ဘာသာဝင်တွေထဲမှာ သူတို့ နှစ်ပါးက ပထမဆုံး သူတော်စင်တွေဖြစ်ပါတယ်။

Saint Peter's ရင်ပြင် မှာ ကျင်းပတဲ့ အဲဒီ လူထုစည်းဝေးပွဲကို ပါလက်စတိုင်းသမ္မတ Mahmoud Abbas လည်း တက်ရောက်ပါတယ်။ ပြင်သစ်နဲ့ အီတလီလူမျိုး သီလရှင် (၂) ပါးကိုလည်း တနင်္ဂနွေနေ့အခမ်းအနားမှာ သူတော်စင်အဖြစ် ကြေညာခဲ့ပါတယ်။ အဲဒီသီလရှင် တွေကတော့ ဆင်းရဲနွမ်းပါးသူတွေအတွက် ပညာရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ကြီးတွေကို တည်ထောင်သူတွေဖြစ်ပါတယ်။

XS
SM
MD
LG