သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးဆန်တဲ့ ခရစ္စမတ်ပွဲတော်များ ပုပ်ရဟန်းမင်းဝေဖန်


စီးပွားရေးဆန်တဲ့ ခရစ္စမတ်ပွဲတော်များ ပုပ်ရဟန်းမင်းဝေဖန်
စီးပွားရေးဆန်တဲ့ ခရစ္စမတ်ပွဲတော်များ ပုပ်ရဟန်းမင်းဝေဖန်

ခရစ်ယာန်ဘာသာဝင် သန်းပေါင်းများစွာက ခရစ်တော်မွေးနေ့ ကျင်းပနေကြချိန်မှာ ပုပ်ရဟန်းမင်းကြီး (၁၆) မြောက် ဘန်းနဒစ်က စီးပွားရေးဆန်လွန်းတဲ့ ခရစ္စမတ်ပွဲတော်ကို ဝေဖန်ပြောကြားသွားပါတယ်။ တမန်တော် ဂျီးဇက် ယေရှု ရဲ့ မွေးဖွားရာဇာတိမြို့ ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ ဘက်သ်လဲဟမ် (Bethlehem) မြို့ကို ခရစ်ယာန်ဘုရားဖူးတွေနဲ့ ကမ္ဘာလှည့် ခရီးသွားပေါင်းများစွာ စနေနေ့က တမန်တော်ယေရှုရဲ့ မွေးနေ့မင်္ဂလာပွဲ ဆင်နွှဲဖို့ ရောက်ရှိနေကြပါတယ်။

ခရစ္စမတ်ပွဲတော် အကြိုနေ့ရဲ့ အထွဋ်အထိပ်အဖြစ် အနောက်ဘက်ကမ်းမှာ ရှိတဲ့ Church of the Nativity လို့ခေါ်တဲ့ ဘက်သ်လဲဟမ် ဒေသက အသင်းတော်မှာ သန်းခေါင်ယံ ဆုတောင်းပွဲတော်အဖြစ် ကျင်းပကြပါတယ်။ မယ်တော်မာရီက တမန်တော် ယေရှုကို ဖွားမြင်တော်မူခဲ့တယ်လို့ ယုံကြည်ကြတဲ့ မြေနေရာပေါ်မှာ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းမှာ Holly Land လို့ခေါ်တဲ့ မြင့်မြတ်တဲ့ဒေသရဲ့ ရိုမန်ကက်သလစ် ဘုန်းတော်ကြီး Fuad Twal က ဦးဆောင်ပြီးတော့ ပွဲတော်ကို ကျင်းပပါတယ်။

ပါလက်စတိုင်း လူမျိုးတွေအနေနဲ့ နိုင်ငံထူထောင်ခွင့် ကြိုးပမ်းနေကြချိန်မှာ ဒီ ခရစ္စမတ်အခါတော်သမယဟာ ထူးခြားတဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုနေပါတယ်လို့ ဘက်သ်လဲဟမ် ရဲ့ မြို့တော်ဝန်က ပြောကြားသွားပါတယ်။ မကြာခင်မှာပဲ ကျွန်ုပ်တို့ဟာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေနဲ့ ဒီမိုကရေစီနဲ့ ညီညွတ်တဲ့၊ ဘာသာရေးနဲ့ကင်းလွတ်တဲ့ ပါလက်စတိုင်း နိုင်ငံတော်ကို ပါလက်စတိုင်း မြေပေါ်မှာ ထူထောင်နိုင်ကြမှာဖြစ်ပါတယ်၊ ဒါကြောင့် ဒီ ခရစ္စမတ်နေ့ အခါသမယဟာ ဝိသေသထူးခြားလှပါတယ်လို့ ဘက်သ်လဲဟမ် မြို့တော်ဝန်က ပြောကြားသွားပါတယ်။

ဘက်သ်လဲဟမ် မြို့လယ် မန်ဂျာ (Manger) ရင်ပြင်မှာ ပြင်ဆင်ထားတဲ့ အလွန်ကြီးမားတဲ့ ခရစ္စမတ်သစ်ပင်ကြီးကို လူထုကြီးတရပ်လုံးက ဝိုင်းဝန်းထားပြီးတော့ အတီးအမှုတ် ဂီတများနဲ့ ဆင်ယင် ဆင်နွှဲကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG