သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာသပညာရှင်တွေကို ဂုဏ်ပြုဖို့ ပုပ်ရဟန်းမင်းကြီး ဖိတ်ကြား


ဗာတီကန် နန်းတော်မှာ တွေ့ရသည် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်
ဗာတီကန် နန်းတော်မှာ တွေ့ရသည် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဗာတီကန်နန်းတော်မှာ ကျင်းပမယ့် ယဉ်ကျေးမှု ပွဲတော်ကို တက်ရောက်ဖို့ ကမ္ဘာတဝန်းက ဟာသ ပညာရှင်တွေကို ဖိတ်ကြားထား ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဗာတီကန်နန်းတော်မှာ ကျင်းပမယ့် ယဉ်ကျေးမှု ပွဲတော်ကို တက်ရောက်ဖို့ ကမ္ဘာတဝန်းက ဟာသ ပညာရှင်တွေကို ဖိတ်ကြားထား ပါတယ်။

Whoopi Goldberg၊ Jimmy Fallon၊ Conan O'Brien နဲ့ Chris Rock လို နာမည်ကျော်တွေ အပါအဝင် ဖျော်ဖြေတင်ဆက်သူ ၁၀၀ ကျော်ကို ဇွန်လ ၁၄ ရက်နေ့ကျရင် ဗာတီကန်မှာ ပွဲ လုပ်မှာ ဖြစ်ပြီး ဒါဟာ "လူသားတွေရဲ့ မတူကွဲပြားမှုအလှကို ဂုဏ်ပြုဖို့" လို့ ဗာတီကန်နန်းတော်က ကြေညာပါတယ်။

အဲဒီပွဲအပြီးမှာတော့ Puglia မှာ ကျင်းပမယ့် G7 စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို ပုပ်ရဟန်းမင်းကြီး တက်ရောက်ဖို့ ရှိပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ခေတ်ပြိုင်ယဉ်ကျေးမှုလောကမှာ ဟာသအနုပညာရဲ့ ထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို အသိအမှတ်ပြုကြောင်း ပြသတဲ့ အနေနဲ့ အခုလို တွေ့ဆုံတာ ဖြစ်ကြောင်း ဗာတီကန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

"ပုပ်ရဟန်းမင်းကြီး ဟာကမ္ဘာ့ တဝန်းက ဟာသ ပညာရှင် လူရွှင်တော်တွေနဲ့ အတူ တွေ့ဆုံကာ လူသားတွေရဲ့ မတူကွဲပြားမှုတွေရဲ့ အလှတရားတွေကို ဂုဏ်ပြုကာ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးညီညွတ်မှုဆိုတဲ့ သတင်းစကားကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်" လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဆုတောင်းဝတ်ပြုရာမှာ “ဟာသဉာဏ် ပေးသနားတော်မူဖို့” အမြဲလိုလို ထည့်သွင်း ဆုတောင်းလေ့ရှိသူလို့ ထုတ်ဖော်ပြောကြားဖူးသူ ဖြစ်ပါတယ်။

လာမယ့် သောကြာမှာ လုပ်မယ့် အဲဒီ ယဉ်ကျေးမှုပွဲကို တီဗီဟာသစီးရီး "The Office" ရဲ့ တွဲဖက်စာရေးဆရာ တဦးဖြစ်တဲ့ ဗြိတိန်လူရွှင်တော် Stephen Merchant နဲ့ အီတလီလူရွှင်တော် Lino Banfi တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံမယ့် Whoopi Goldberg ဟာ အရင်လတုန်းက အင်တာဗျူးတခုမှာ ပုပ်ရဟန်းမင်းကြီးကို "Sister Act 3" အမည်နဲ့ ရုပ်ရှင်မှာ ခတ္တ ခဏ နောက်ခံ မြင်ကွင်းမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

အဲဒီ ဟာသ ဇာတ်မြူး ရုပ်ရှင်မှာ Goldberg က ခရစ်ယာန် သီလရှင် ကျောင်းတခုမှာ ခိုလှုံနေတဲ့ အဆိုတော်တဦး အဖြစ် သရုပ်ဆောင်တာပါ။ ပုပ်ရဟန်းမင်းကြီးသာ ဒီကမ်းလှမ်းချက်ကို လက်ခံခဲ့ရင် “သူ ဘယ်လို ပုံစဖြစ်မလဲဆိုတာ သူ့ဘာသာ ပြန်မြင်ရမယ်” လို့ Goldberg က ဟာသလုပ်ပြီး အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

Forum

XS
SM
MD
LG