သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း ဒီမိုကရေစီဆိတ်သုဉ်းလာမှုအပေါ် ပုပ်ရဟန်းမင်းကြီး သတိပေး

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Vatican Media/­Handout via Reuters)
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Vatican Media/­Handout via Reuters)

ကမ္ဘာတဝန်းမှာ ဒီမိုကရေစီစနစ်ဟာ စိုးရိမ်စရာအခြေအနေနဲ့ ရင်ဆိုင်နေရပြီး၊ လူများကြိုက်ဝါဒီတွေကို သတိထာကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဒီနေ့ကမ္ဘာကြီးမှာ ဒီမိုကရေစီစနစ်ရဲ့ အခြေအနေက မကောင်းဘူးလို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းက Trieste မြို့မှာ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်နိုင်ငံတွေဆိုတာကိုတော့ နာမည်နဲ့ ထည့်မပြောသွားဘဲ၊ ဝါဒသဘောတရားတွေအရ ဆွဲဆောင်ဖျားယောင်းနေတာတွေနဲ့ အများကြိုက်ဝါဒီတွေနဲ့ ပတ်သက်ပြီး သတိထားကြဖို့ ပုပ်ရဟန်းမင်းကြီးက ဒီနေ့ ပြင်သစ်နိုင်ငံမှာ ပါလီမန်ရွေးကောက်ပွဲ ဒုတိယအကျော့ ကျင်းပနေချိန်မှာပဲ ပြောလိုက်ပါတယ်။

အီတလီ၊ ဟန်ဂေရီ နဲ့ နယ်သာလန်နိုင်ငံတွေမှာ လက်ယာစွန်းဝါဒီတွေ အာဏာရလာတာနဲ့အတူ၊ အမျိုးသားရေးဝါဒီတွေနဲ့ အများကြိုက်ဝါဒီတွေ ခေါင်းထောင်လာနေတာနဲ့ ပတ်သက်ပြီး နိုင်ငံအတော်များများမှာရှိတဲ့ ခရစ်ယာန်ဘုန်းကြီးတွေက ပြီးခဲ့တဲ့လက ဥရောပပါလီမန်ရွေးကောက်ပွဲ မတိုင်ခင်မှာ သတိပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ လာမယ့် စက်တင်ဘာလမှာတော့ အာရှက အင်ဒိုနီးရှား၊ စင်ကာပူ၊ ပါပူအာ နယူးဂီနီ နဲ့ တီမောလက်စတေး နိုင်ငံတို့ကို ၁၂ ရက်ကြာ သွားရောက်မှာြဖစ်ပြီး ဒါဟာ သူရဲ့ ပုပ်ရဟန်းမင်းကြီးဘဝမှာတော့ အရှည်ကြာဆုံးခရီးစဉ် ဖြစ်ပါတယ်။

Forum

​
XS
SM
MD
LG