သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်မင်းရဲ့ပထမဆုံး တနင်္ဂနွေနေ့ တရားပွဲ


St. Peter’s ရင်ပြင်မှာလုပ်တဲ့ တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ် Francis တရားဟောကြားနေစဉ်။ (မတ်လ ၁၇ ရက်၊ ၂၀၁၃)။
St. Peter’s ရင်ပြင်မှာလုပ်တဲ့ တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ် Francis တရားဟောကြားနေစဉ်။ (မတ်လ ၁၇ ရက်၊ ၂၀၁၃)။
ဗာတီကန်က St. Peter’s ရင်ပြင်မှာလုပ်တဲ့ တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲမှာ အသစ်ရွေးချယ်ခံထားရတဲ့ ပုပ်ရဟန်းမင်းကြီး Francis က ပရိသတ် ၁ သိန်းခွဲလောက်ကို တရားဟောခဲ့ပါတယ်။ ပုံမှန်အားဖြင့် လက်တင်ဘာသာနဲ့လုပ်လေ့ရှိတဲ့ ဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က အီတလီဘာသာစကားနဲ့ ဟောကြားခဲ့ပါတယ်။ အများအားဖြင့် ကြိုတင်ပြင်ဆင်ထားတဲ့စာရွက်ကို မကြည့်ဘဲ ပရိတ်သတ်တွေကို လက်တန်း ပြောကြားခဲ့ပါတယ်။

ဆုတောင်းပွဲကို ကောင်းသောနေ့ပါလို့ အစချီခဲ့ပြီး တရားဟောလို့ ပြီးသွားတဲ့အခါမှာ လည်း ကောင်းသောနေ့လည်စာ စားသုံးနိုင်ကြပါစေလို့ နှုတ်ဆက်ခဲ့ပါတယ်။ St. Peter’s ရင်ပြင်တခုလုံး ပြည့်နှက်နေတဲ့ ပရိတ်သတ်ကြီးက ပုပ်ရဟန်းမင်းကြီးရဲ့ ဟိတ်ဟန်မပါတဲ့ ပြောစကားတွေကို နှစ်သက်ခဲ့ကြပါတယ်။

St. Peter’s ရင်ပြင် တရားပွဲမတိုင်ခင်ကလည်း ဗာတီကန်က St. Anna's ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ တနင်္ဂနွေတရားပွဲမှာ ဗာတီကန်ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်ပေါင်း ရာနဲ့ချီကို တရားဟောခဲ့ပါတယ်။ ဘုရားကျောင်းကအထွက်မှာလည်း လမ်းပေါ်ကနေ သူ့ကို အော်ဟစ်နှုတ်ဆက်နေကြသူတွေရှိရာ ဂိတ်တခါးအထိသွားပြီး ပုပ်ရဟန်းမင်းကြီးက နှုတ်ဆက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ရွေးချယ်ခံထားရတဲ့ သက်တော် ၇၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ဟိတ်ကြီးဟန်ကြီးမရှိဘဲ အများလက်ခံတဲ့ ပြုမူ ပြောကြားမှုတွေက သူ့ရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
XS
SM
MD
LG