သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူတော်စင်အဖြစ် အရင်ပုပ်ရဟန်းမင်းကြီး ၂ ပါးကိုချီးမြှင့်


လွန်ခဲ့တဲ့(၈) နှစ်က ကွယ်လွန်သွားပြီဖြစ်တဲ့ ဒုတိယမြောက်ပုပ်ရဟန်းမင်း ဂျွန်ပေါလ်
လွန်ခဲ့တဲ့(၈) နှစ်က ကွယ်လွန်သွားပြီဖြစ်တဲ့ ဒုတိယမြောက်ပုပ်ရဟန်းမင်း ဂျွန်ပေါလ်
ကွယ်လွန်သွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် John Paul ကို ရိုမန်ကက်သလစ် ခရစ်ယာန်ဂိုဏ်းရဲ့ သူတော်စင် တဦးအဖြစ် သတ်မှတ်မှာ ဖြစ်တဲ့အကြောင်း ဗာတီကန်ကျောင်းတော်က ကြေညာလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ကွယ်လွန်သွားခဲ့တဲ့ ပိုလန်နိုင်ငံသား ရဟန်းမင်းကြီးကို လက်ရှိပုပ်ရဟန်းမင်း Francis က သူတော်စင်အဖြစ် လက်ခံ အတည်ပြုပေးခဲ့တာပါ။

၁၉၆၃ ခုနှစ်အထိ ၅ နှစ်တာ ကာလအတွင်းကို ရိုမန်ကက်သလစ် ခရစ်ယာန် ဂိုဏ်းတော်ကို ပြန်လည်စုစည်းခဲ့တဲ့ ၂၃ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး John ကိုလည်း သူတော်စင်အဖြစ် ချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူတော်စင်တွေအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ချက်တွေကို သောကြာနေ့မှာပဲ ပုပ်ရဟန်းမင်းကြီး Francis က ကြေညာခဲ့တာ ဖြစ်တဲ့အကြောင်း ဗာတီကန် ကျောင်းတော် ပြောခွင့်ရသူ ဘုန်းတော်ကြီး Federico Lombardi ကပြောပါတယ်။

ဗာတီကန်က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ရိုမန်ကက်သလစ်ဂိုဏ်းချုပ် အဖြစ်နဲ့ ၂၇ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါ ဟာ လူငယ်တွေအပေါ် မေတ္တာထားသူ တဦးဖြစ်သလို ဂျူးတွေအပါအဝင် တခြား ဘာသာဝင်တွေရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း ဆွေးနွေးပြောဆိုဖို့ အားပေးသူအဖြစ်နဲ့ ချီးကျူးထားတာပါ။

သူတော်စင်အဖြစ် သတ်မှတ်ခံခဲ့ရသူ ၂၃ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး John ကိုတော့ နူးညံ့သိမ်မွေ့ပြီး စဉ်းစားကြံစည်တတ်သူ၊ သတ္တိပြောင်မြောက်သူအဖြစ်နဲ့ ဒုတိယကမ္ဘာစစ် ကာလအတွင်း စစ်သုံ့ပန်းတွေရဲ့ အမှာစကားတွေကို မိသားစုတွေထံ ရောက်အောင် ဆောင်ကျဉ်းပေးသူအဖြစ်နဲ့လည်း ဗာတီကန်ကျောင်းတော်က ချီးကျူးထားပါတယ်။
XS
SM
MD
LG