သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး Philadelphia ရောက်ရှိ


Philadelphia မြို့က စိန့်ပီတာနဲ့ ပေါလ် ဘုရားကျောင်းဝတ်ပြုဆုတောင်းပွဲအတွင်း စကားပြောနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၂၆၊ ၂၀၁၅)
Philadelphia မြို့က စိန့်ပီတာနဲ့ ပေါလ် ဘုရားကျောင်းဝတ်ပြုဆုတောင်းပွဲအတွင်း စကားပြောနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (စက်တင်ဘာ ၂၆၊ ၂၀၁၅)

အမေရိကန်ကိုရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဝါရှင်တန်နဲ့ နယူးယောက်မြို့တွေမှာ ကမ္ဘာ့သြဇာအကြီးဆုံး ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ဆင်းရဲသားတွေကို စောင့်ရှောက်ရေးအကြောင်း ပြောကြားခဲ့ပြီးတဲ့နောက် အခု နောက်ဆုံး ခရီးစဉ်ဖြစ်တဲ့Philadelphia မြို့ကို ရောက်ရှိသွားပါပြီ။

အမေရိကန်ပြည်ထောင်စုအတွင်းမှာ ပထမဆုံးကျင်းပမယ့် ကမ္ဘာအနှံ့က ခရစ်ယာန်မိသားစုတွေရဲ့ တွေ့ဆုံပွဲကို ဦးစီးကျင်းပဖို့အတွက် ပုပ်ရဟန်းမင်းကြီး Francis ဟာ Pennsylvania ပြည်နယ်၊ Philadelphia မြို့ကို စနေနေ့မနက်ပိုင်းမှာ ရောက်သွားခဲ့တာပါ။

Vatican နန်းတော်နဲ့ Philadelphia ဂိုဏ်းအုပ်ကျောင်းတော်တို့က ကြီးမှူးကျင်းပတဲ့ ဒီတွေ့ဆုံပွဲဟာ ကမ္ဘာမှာရှိတဲ့ မိသားစုတွေအကြား မေတ္တာတရား ခိုင်မြဲစေဖို့အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်တယ်-လို့ ဝဘ်ဆိုဒ်မှာ ရှင်းလင်း ဖော်ပြထားပါတယ်။

လိင်တူချင်းလက်ထပ်ထိမ်းမြားမှု - စတဲ့ လူမှုရေးအပြောင်းအလဲတွေ ကြီးထွားလာတာနဲ့အမျှ မိသားစုဆိုတဲ့ဝေါဟာရကို ထိခိုက်လာစေ ပါတယ်။ ရိုမဲန်ကက်သလစ် ဘုရားကျောင်းအနေနဲ့ လက်ထပ်ထိမ်းမြားမှု ဆိုတဲ့ အဓိပ္ပာယ်နဲ့ပတ်သက်လို့ ထုံးတမ်းစဉ်လာအတိုင်း အမျိုးသားနဲ့ အမျိုးသမီးကြားမှာသာ အကျုံးဝင်တယ်လို့ ရှင်းရှင်းလင်းလင်းဖော်ပြထားတာ ဖြစ်ပါတယ်။

St. Peter နဲ့ Paul ဘုရားကျောင်းမှာ မနက်ခင်း လူထု ဝတ်ပြုဆုတောင်းပွဲအတွင်း ပုပ် Francis က ဝတ်ပြုဆုတောင်းသူ ၁၂၀၀ လောက်နဲ့ ပရိတ်သတ်ကြီးကို ခရစ်တော်ရဲ့တရားဒေသနာတွေကို ပြန့်ပွားအောင် ဆောင်ရွက်ကြခြင်းအားဖြင့် အသင်းတော်ကို ကြီးထွားလာအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG