သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ကုလသမဂ္ဂမှာ မိန့်ခွန်းပြော


Popeရဟန်းမင်းကြီး Francis (ဝဲ) ကုလအတွင်းရေးမှူးချုပ် Ban Ki-moon (စက်တင်ဘာ ၂၅၊ ၂၀၁၅)
Popeရဟန်းမင်းကြီး Francis (ဝဲ) ကုလအတွင်းရေးမှူးချုပ် Ban Ki-moon (စက်တင်ဘာ ၂၅၊ ၂၀၁၅)

နယူးယောက်ကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ သူ့မိန့်ခွန်းထဲမှာ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီးပြောဆို သွားသလို ရွှေ့ပြောင်းဒုက္ခသည်များအရေးနဲ့ ပတ်သက်လို့ ဆက်လက်ပြီး အလေးထားပြောဆိုမယ်လို့လည်းမျှော်လင့်ရပါတယ်။ ဒီနောက်မှာတော့ တချိန်က World Trade စင်တာ၊ ကမ္ဘာ့မိုးမျှော်တိုက်ကြီး ၂ ခု ရှိခဲ့တဲ့နေရာမှာ စက်တင်ဘာ (၁၁) ရက် အောက်မေ့ဖွယ်အထိမ်းအမှတ်၊ ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းပွဲကိုလည်း တက်ရောက်ပါတယ်။

စပိန်ဘာသာ စကားပြောတဲ့ လက်တင်နွယ်ဖွားတွေနဲ့ လူမည်းတွေ အများစုရှိတဲ့ East Harlem အရပ်က ကက်သလစ် မူလတန်းကျောင်းကိုလည်း သွားရောက်လည်ပတ်မှာဖြစ်သလို Central Park ကိုဖြတ်သွားတဲ့ လမ်းတလျှောက်မှာတော့ လူထုပရိတ်သတ်က သူ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနုတ်ဆက်ကြပါလိမ့်မယ်။

ညနေပိုင်းမှာတော့ Medison Square ပန်းခြံမှာ လူထုပရိတ်သတ် ၂ သောင်းလောက် နဲ့ ဆုတောင်းပွဲ ကျင်းပမှာဖြစ်ပြီး နေ့စား အလုပ်သမားတွေ ဖန်တီးထားတဲ့ကုလားထိုင်ပေါ်မှာ ပုပ်ရဟန်းမင်းကြီးထိုင်ပါလိမ့်မယ်။

ကြာသပတေးနေ့ညနေခင်းမှာ တော့ Saint Patrick Cathedral မက်ဟက်တန် အရပ်က ဝတ်ပြုဆုတောင်းသူတွေနဲ့ အတူ ညနေခင်းမှာ ဦးဆောင်ပြီး ဘုရားဝတ်ပြုခဲ့ပါတယ်။ ဒီဆုတောင်းပွဲမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဟာ့ဂျ်ဘုရားဖူးချိန်အတွင်း လူပိသေဆုံးသွားတဲ့ သူတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဂရုဏာစကားပြောကြားခဲ့သလိုရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ လိင်မှုဆိုင်ရာ မဖွယ်မရာပြုမူခံခဲ့ရတဲ့သူတွေအတွက်လည်း ဖြေသိမ့်စကားပြောကြားခဲ့ပါတယ်။

စနေနေ့ မနက်ခင်းမှာတော့ နယူးယောက်ကနေ Philadelphia ကို ဆက်လက်ထွက်ခွါမှာပါ။ တနင်္ဂနွေနေ့မှာနေတာ့ Philadelphia လူထုပရိတ်သတ် နဲ့တွေ့ပြီး ဆုတောင်းပွဲကျင်းမှာဖြစ်သလို ဒီပွဲကို လူထုပရိတ်သတ်ပေါင်း ၂ သန်းလောက်လာရောက်မယ်လို့ခန့်မှန်းထားပါတယ်။ Philadelphia မှာ ၂ ရက်တာလည်ပတ်ပြီး သူ့ရဲ့ အမေရိကန်ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

XS
SM
MD
LG