သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး Francis ပထမဆုံး ခရစ္စမတ်အကြို ကောင်းချီးပေး


တမန်တော် ယေရှုဟာ အမှောင်ခွင်း အလင်းပေးနိုင်သူဖြစ်သလို ငြိမ်းချမ်းမှုတွေကို ဆောင်ကျဉ်းပေးသူ ဖြစ်တာကြောင့် ခရစ္စမတ်နေ့ အခါသမယမှာ ပျော်ရွှင်ချမ်းမြေ့ကြစေဖို့ လူဦးရေ ၁ ဒဿမ ၂ ဘီလီယံရှိတဲ့ ကမ္ဘာအရပ်ရပ်က ကတ်သလစ် ဘာသာဝင်တွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

အင်္ဂါနေ့တုန်းက ဗာတီကန်မှာရှိတဲ့ စိန့်ပီတာဘုရားကျောင်းက ဝတ်ပြုစုဆောင်းမှုမှာ ပုပ်ရဟန်းမင်းကြီး Francis တတ်ရောက်ခဲ့ပြီး သူရဲ့ပထမဆုံး ခရစ္စမတ်အကြို တရားတော်ကို ဟောပြောခဲ့ပါတယ်။ ကြီးမြတ်တဲ့ အလင်းရောင်ကို မြင်ဖို့ လျှောက်လှမ်းကြတဲ့ လူသားတွေရဲ့ စိတ်ခွန်အားဆိုပြီး လူသားတို့ရဲ့ သမိုင်းကြောင်းဆိုင်ရာကို ပုပ်ရဟန်းမင်းကြီးက တင်စား အလေးပေး ဟောကြားသွားပါတယ်။

ဆင်းရဲသားပြည်သူတွေအပေါ်မှာ ညှှာတာပြီး ဆင်းရဲသားပြည်သူတွေအတွက် ကူညီဆောင်ရွက်ပေးမှုကြောင့် ထင်ရှားတဲ့ ပုပ်ရဟန်မင်းကြီး Francis က လူတိုင်း လူတိုင်းမှာ တောက်ပတဲ့ အခိုက်အတန့် အတိမှောင်မဲတဲ့ အခိုက်အတန့် နှစ်မျိုးစလုံး ရှိတယ်လို့ မိန့်ခဲ့ပါတယ်။

မာန်မာနထောင်လွှားမှုတွေ လိမ်ညာမှုတွေ ကိုယ်ကျိုးကြည့်မှုတွေကို ဖယ်ရှားပြီး၊ ပွင့်လင်းဖြူစင်တဲ့ နှလုံးစိတ်ထားနဲ့ ဘဝခရီးကို သစ္စာမပျက် လျှောက်လှမ်းကြပါလို့ ပုပ်ရဟန်းမင်းကြီးက မိန့်မှာခဲ့ပါတယ်။

ဘုရားသခင်ဟာ တမန်တော်ယေရှုကတဆင့် ကမ္ဘာကြီးနဲ့ လူသားတွေအတွက် ချစ်ခင်ကြင်နာမှု သနားညှာတာမှုတွေ ပေးသနားပါတယ်လို့ မိန့်ပါတယ်။ တမန်တော် ယေရှုဟာ အမှောင်ကိုခွင်း အလင်းဆောင်သူ၊ ငြိမ်းချမ်းမှုတရား ဖြစ်တယ်လို့ နောက်ဆုံးမှာ မိန့်ခဲ့ပါတယ်။
XS
SM
MD
LG