သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် Palm Sunday ဆုတောင်းပွဲ ဦးဆောင်ကျင်းပ


Vatican Pope Palm Sunday
Vatican Pope Palm Sunday

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အသက်ရှူကျပ်လို့ ဆေးရုံတက် ကုသမှုခံယူခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဆေးရုံကဆင်းပြီး နောက်တရက် ဒီကနေ့မှာတော့ ခရစ်ယာန် ဘာသာဝင်တွေ အတွက် အရေးပါတဲ့ Palm Sunday ဆုတောင်းပွဲကို ဦးဆောင်တက်ရောက်ကျင်းပခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးသူတွေ၊ နာမကျန်းသူတွေနဲ့ ဘဝကို အထီးကျန် ဖြတ်သန်းရသူတွေကို စာနာဖေးမ ကူညီကြဖို့ ပုပ်ရဟန်းမင်းကြီးက ဒီကနေ့ ဆုတောင်းပွဲမှာ တိုက်တွန်းသွားပါတယ်။ သခင်ယေရှု ခရစ်တော် ပြန်လည်ရှင်သန်နိုးထခြင်း အထိမ်းအမှတ် ဆင်နွှဲကြတဲ့ Easter ပွဲတော်အကြို ဒီကနေ့ကျင်းတဲ့ Palm Sunday ဆုတောင်းပွဲဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် မြင့်မြတ်တဲ့ အချိန်အခါတခုပါ။

ဒီကနေ့ စိန့်ပီတာရင်ပြင်မှာ လူတွေထောင်နဲ့ချီ တက်ရောက်တဲ့ ဆုတောင်းပွဲကို အစဉ်အလာမပြတ် ပုပ်ရဟန်းမင်းကြီး တက်ရောက်နိုင်ပါ့မလား အစောပိုင်း စိုးရိမ်ခဲ့ကြတာပါ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်လို့ ဆေးရုံမှာ ရက်အနည်းငယ်ကြာ ဆေးဝါးကုသမှု ခံယူခဲ့ရပြီး မနေ့ကမှ ဆေးရုံက ပြန်ဆင်းလာတာ ဖြစ်ပါတယ်။

=== Unicode ===




XS
SM
MD
LG