သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းခေါင်းဆောင်ကို ပုပ်ရဟန်းမင်းကြီး ချီးကျူး


ပုပ် Francis နဲ့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas ဗာတီကန်မှာ တွေ့ဆုံစဉ်။ (မေ ၁၆၊ ၂၀၁၅)
ပုပ် Francis နဲ့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas ဗာတီကန်မှာ တွေ့ဆုံစဉ်။ (မေ ၁၆၊ ၂၀၁၅)

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ စနေနေ့က ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံပါတယ်။ ပါလက်စတိုင်းတွေနဲ့ ပထမဆုံး သဘောတူစာချုပ်တခုကို သိပ်မကြာခင်မှာ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတယ်လို့ ဗာတီကန်နန်းတော်က ကြေညာအပြီး ရက်ပိုင်း အတွင်းမှာပဲ အခုလိုတွေ့ဆုံတာပါ။

ဗာတီကန်နန်းတော်မှာ မိနစ် ၂ဝ ကြာ သီးခြားတွေ့ဆုံချိန်အတွင်း ပုပ်ရဟန်းမင်းက မစ္စတာ Abbas ကို angel of peace ငြိမ်းချမ်း ရေးနတ်သားအဖြစ် ခေါ်ဆိုပါတယ်။

ပါလက်စတိုင်းမှာ ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းရဲ့ ရပ်တည်လုပ်ဆောင်မှုဆိုင်ရာ လိုအပ်တဲ့ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ စပ်လျှဉ်းပြီး ဗာတီကန်နန်းတော်နဲ့ ပါလက်စတိုင်းနိုင်ငံတော်တို့အကြား ပြီးပြည့်စုံတဲ့ သဘောတူညီချက်တရပ်မှာပါရှိမယ့် စာသားတွေအပေါ် နှစ်ဘက် သဘောတူကြတာကို ကျေနပ်ကြတယ်လို့ ဗာတီကန်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းနဲ့ ပါလက်စတိုင်းသမ္မတတို့ဟာ အစ္စရေးလ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ၊ ပဋိပက္ခအတွက် မျှတပြီးရေရှည်ခံမယ့် အဖြေ တရပ်ကိုရှာဖို့ အစ္စရေးလ်-ပါလက်စတိုင်း တိုက်ရိုက်ဆွေးနွေးပွဲတွေ ပြန်စနိုင်ခြေ ကိစ္စတွေကိုလဲ ဆွေးနွေးကြပါတယ်။

ဗာတီကန်နဲ့ ပါလက်စတိုင်းအကြား သဘောတူစာချုပ်ကိစ္စကို အစ္စရေးလ်တို့က ဒေါသတကြီး တုံ့ပြန်ပါတယ်။ ဒီလိုကိစ္စမျိုးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူမဖြစ်စေဘဲ နှစ်ဘက် တိုက်ရိုက်ဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ရာ ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းအတွက် ပိုဝေးသွားစေတယ်လို့ အစ္စရေးလ်ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

XS
SM
MD
LG