သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါမုန်တိုင်းသင့်သူတွေကို ကူညီထောက်ပံ့ဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း


Pope Francis
Pope Francis

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ မကြာသေးခင်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဒီနေ့ ဝတ်ပြုဆုတောင်းပြီး ပြောကြားလိုက်ပါတယ်။

“ဆိုင်ကလုန်းမုန်တိုင်းဒဏ်အပြင်းအထန်ခံလိုက်ရတဲ့ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ နေထိုင်နေတဲ့ ပြည်သူတွေအတွက် ဆုတောင်းပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒီမှာ လူပေါင်း ၈ သိန်းကျော် အပြင် ရိုဟင်ဂျာတွေ အများအပြားလည်း မရေရာတဲ့အခြေအနေတွေနဲ့ နေနေကြရပါတယ်။ အခုလို ဒုက္ခရောက်နေကြတဲ့ ကျနော်တို့ရဲ့ ညီအစ်ကို မောင်နှမတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေရရှိနိုင်ဖို့အတွက် တာဝန်ရှိတဲ့သူတွေအနေနဲ့ ကူညိပေးကြဖို့ ကျနော်အနေနဲ့ ပန်ကြားပါတယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားသွားတာပါ။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို အင်အားပြင်း ဆိုင်ကလုန်းမိုခါ ဝင်ရောက်တိုက်ခတ်ခဲ့ တာကြောင့်၊ အဲဒီမှာရှိတဲ့ အိုးအိမ်၊ အဆောက်အအုံတွေ၊ လမ်းတွေ အကြီးအကျယ်ပျက်စီးသွားခဲ့ပြီး လူတွေလည်း ရာနဲ့ချီသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီကတော့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၁၄၀ ကျော်သေဆုံးခဲ့တယ်လို့ တရားဝင် သတင်းထုတ်ပြန် ထားပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်သင့်သူ ၁.၆ သန်း ရှိမယ်လို့ ခန့်မှန်းထားပြီး အကူအညီပေးဖို့အတွက် ဒေါ်လာ သန်း ၃၀၀ ကျော် လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ လိုအပ်တဲ့ ရန်ပုံငွေတွေ အချိန်မီ မရနိုင်ရင် မကြာခင် မိုးရာသီကာလမှာ မုန်တိုင်းသင့်သူတွေ ဒုက္ခရောက်လိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

XS
SM
MD
LG