သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနယ်စပ် ခြံခတ်မယ့် Donald Trump ပုပ်ရဟန်းမင်းကြီး ဝေဖန်


ပုပ်ရဟန်းမင်းကြီး မက္ကဆီကို နိုင်ငံကို သွားရောက်ပြီး ရောမမြို့ကို အပြန် ခရီးစဉ်မှာ မှတ်ချက်ပြုခဲ့။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆)
ပုပ်ရဟန်းမင်းကြီး မက္ကဆီကို နိုင်ငံကို သွားရောက်ပြီး ရောမမြို့ကို အပြန် ခရီးစဉ်မှာ မှတ်ချက်ပြုခဲ့။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆)

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြုပြီး ဝင်ပြိုင်ခွင့်ရဖို့ ရှေ့ဆုံးက ပြေးနေတဲ့ Donald Trump ဟာ ခရစ်ယာန်ဘာသာဝင် မဟုတ်ဘူးလို့ ပုပ်ရဟန်းမင်းကြီး Francis က ကြာသပတေးနေ့ က ပြောလိုက်ပါတယ်။

Donald Trump ဟာ အမေရိကန်တောင်ပိုင်းနဲ့ မက္ကဆီကို နိုင်ငံကို ပိုင်းခြားထားတဲ့ တံတိုင်းတစ်ခု တည်ဆောက်ပြီး၊ အမေရိကန်နိုင်ငံထဲ ခိုးဝင်မယ့် သူတွေကို တားဆီးဖို့ အဆိုပြုခဲ့တဲ့အတွက် ပုပ်ရဟန်းမင်း Francis က ခုလို ပြောခဲ့တာဖြစ်ပါတယ်။

”လူတစ်ဦးဟာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ တံတားထိုးဖို့ မစဉ်းစားပဲ၊ အုတ်တံတိုင်းဆောက်ဖို့ပဲ စဉ်းစားနေမယ်ဆိုရင် ဒီလူဟာ ခရစ်ယာန် ဘာသာဝင် မဟုတ်ဘူး။ ဒါဟာ တရားတော်နဲ့ မညီပါဘူး” လို့ ပုပ်ရဟန်းမင်း Francis က ပြောခဲ့တာပါ။

ပုပ်ရဟန်းမင်းဟာ ဒီအပတ်မှာ မက္ကဆီကို နိုင်ငံကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်ကနေ ရောမမြို့ကို အပြန်မှာ ဒီလိုမျိုး မှတ်ချက်ပြု ပြောကြားခဲ့တာပါ။

ဗုဒ္ဓဟူးနေ့က ပုပ်ရဟန်းမင်းဟာ မက္ကဆီကိုမှာ ရှိနေစဉ်အတွင်း အမေရိကန်နိုင်ငံကို ခိုးဝင်သူတွေ အများဆုံး သွားရောက်လေ့ရှိတဲ့ တက္ကဆပ် ပြည်နယ် နယ်စပ်ကနေ မီတာ အနည်းငယ်ပဲ ကွာဝေးတဲ့ ရင်ပြင်တစ်ခုမှာ ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ပါသေးတယ်။

XS
SM
MD
LG