သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းသစ်ရဲ့ ပထမဆုံး ဝတ်ပြု တရားပွဲ


ပုပ်ရဟန်းမင်းသစ်
ပုပ်ရဟန်းမင်းသစ်
Roman Catholic ဘာသာဝင်တွေရဲ့ ပုပ်ရဟန်းမင်းကြီး အဖြစ် ရွေးချယ်ခံထားရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ကြာသပတေးနေ့က Rome မြို့တော်မှာရှိတဲ့ ဘုရားရှိခိုးကျောင်း တခုမှာ ပထမဆုံး သွားရောက် ဝတ်ပြုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ့ကိုရွေးချယ်တဲ့ Cardinal ဘုန်းတော်ကြီးတွေနဲ့အတူ Vatican မှာ ရှိတဲ့ Sistine ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲ လုပ်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးတာဝန်ကနေ အနားယူ သွားပြီး Rome မြို့တော် အပြင်ဖက်က ရဲတိုက်တခုမှာ အနားယူနေတဲ့ ဂုဏ်ထူးဆောင် ပုပ်ရဟန်းမင်းကြီး Bennedict ကိုလဲ ပုပ်ရဟန်းမင်းကြီး Francis သွားရောက် တွေ့ဆုံခဲ့ပါတယ်။

Jesuit ကျောင်းတော်ကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်လာတဲ့ အာဂျင်တီးနားနိုင်ငံက Cardinal ဘုန်းတော်ကြီး Jorge Bergoglio ဟာ နှစ်ပေါင်း ၂၀၀၀ အတွင်း သူတော်စဉ် Francis ရဲ့
အမည်နာမကို ပထမဆုံး ခံယူတဲ့ ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။

Buenos Aires ရဲ့ ဂိုဏ်းချုပ်ကြီးဟောင်းဖြစ်တဲ့ သက်တော် ၇၆ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး Francis ကို အခမ်းအနားနဲ့ တရားဝင် တင်မြှောက်ပွဲကိုတော့ လာမဲ့အင်္ဂါနေ့မှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာတဝန်းက ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံခေါင်းဆောင်တွေ
တက်ရောက်ကြမှာဖြစ်ပါတယ်။
XS
SM
MD
LG