သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အပြင်းအထန် ဆက်လက်နာမကျန်းဖြစ်


ပုပ်ရဟန်းမင်းကြီး ကျန်းမာဖို့ ဆုတောင်း (AP Photo/Gregorio Borgia)
ပုပ်ရဟန်းမင်းကြီး ကျန်းမာဖို့ ဆုတောင်း (AP Photo/Gregorio Borgia)

အသက်ရှုလမ်းကြောင်း ပိုးဝင်ရာက ကျန်းမာရေးပြဿနာ ဆိုးဆိုးရွားရွား ကြုံနေရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရဆဲ ဖြစ်ပေမဲ့ သတိရှိနေပြီး၊ အောက်စီဂျင် ပေးထားရတယ်လို့ ဗာတီကန်ကျောင်းတော်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

ဗာတီကန်ကျောင်းတော် ပြောခွင့်ရ Matteo Bruni ရဲ့ အစောပိုင်း ကြေညာချက်မှာတော့ ညဖက်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပုပ်ရဟန်းမင်းကြီး အနားရခဲ့ကြောင်း စာတိုတကြောင်းနဲ့သာ ဖော်ပြခဲ့တာပါ။ ငယ်စဉ်ဘဝက အဆုပ်တဖက်မှာ တစိတ်တပိုင်း ခွဲစိတ်ဖယ်ရှားခံထားရတဲ့ သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ရောဂါဒဏ် အပြင်းအထန် ခံစားနေရကြောင်း ဆရာဝန်တွေက ပြောခဲ့ပြီးနောက်၊ ဗာတီကန်ကျောင်းတော်က အကျဉ်းရုံးကြေညာခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ သတိရှိနေပြီး အောက်စီဂျင်အကူနဲ့ အသက်ရှုနေရသလို၊ ဆေးစစ်ခံယူတာတွေ ရှိကြောင်း ဖော်ပြခဲ့တာပါ။ စနေနေ့ မနက်ပိုင်းမှာတုန်းကတော့ ပုပ်ရဟန်းမင်းကြီးဟာ နာတာရှည် ရင်ကျပ်ရောဂါ ပြန်ထခဲ့သလို၊ နမိုးနီးယားနဲ့ အဆုပ်ပိုးဝင်တဲ့ ရောဂါတွေ အတွက်လည်း ကုသပေးခဲ့ရပါတယ်။

အသက်ကောင်းကောင်း ရှုနိုင်အောင်လည်း အောက်စီဂျင် ပေးထားရသလို၊ သွေးတိတ်ဆဲတွေ ကျဆင်းတာ စမ်းသပ်တွေ့ရှိရတဲ့အတွက်လည်း သွေးသွင်းပေးခဲ့ရတာပါ။ အသက်အရွယ်နဲ့ အဆုပ်ရောဂါအခံရှိဖူးတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ပုပ်ရဟန်းမင်းကြီးရဲ့ အခြေအနေဟာ ဆိုးတခါ ကောင်းတလှည့် ကြုံနေရတယ်လို့လည်း ဆရာဝန်တွေက ပြောပါတယ်။

Forum

XS
SM
MD
LG