သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး Francis ၂၀၁၅ မှာ အမေရိကန်ကို လာမည်


ပုပ်ရဟန်းမင်းကြီး Francis
ပုပ်ရဟန်းမင်းကြီး Francis

ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ရှေ့လာမယ့်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လာရောက်ဖို့ရှိတယ်လို့ ကြေညာလိုက်ပါတယ်။ Philadelphia မြို့မှာ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ မိသားစုညီလာခံကို ပုပ်ရဟန်းမင်းကြီး တက်ရောက်မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ သူရဲ့သက်တမ်း လပေါင်း ၂၀ အတွင်း အရှေ့ဥရောပ၊ အာရှ၊ တောင်အမေရိကားနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေကို သွားရောက်ခဲ့ပြီးပါပြီ။ အမေရိကန်ပြည်ထောင်စုခရီးစဉ်ကို ပုပ်ရဟန်းမင်းကြီးရုံးက တနင်္လာနေ့မှာ အတည်ပြုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုက ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ နယူးယောက်နဲ့ ကုလသမဂ္ဂ ဌာနချုပ် အပါအဝင် ဝါရှင်တန်ဒီစီမြို့တော်ကိုသွားရောက်ဖို့ အလားအလာရှိတယ်လို့ ပြောနေကြပေမယ့် ဗာတီကန်မှာရှိတဲ့ ပုပ်ရဟန်းမင်းကြီးရုံးကတော့ Philadelphia ခရီးစဉ်တခုကိုပဲ အတည်ပြုပြောဆိုခဲ့တာပါ။

Philadelphia ဘုန်းတော်ကြီး Charles Chaput ကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ ပြည်နယ်ခရီးစဉ်ကြောင့် အလွန်အင်မတန်မှ ပျော်ရွှင်ကြည်နူးမိကြောင်း မိန့်ကြားခဲ့ပါတယ်။

ကမ္ဘာရဲ့ ၁.၂ ဘီလီယံရှိတဲ့ ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး Francis ဟာ ၁၉၆၅ ခုနှစ်က နယူးရောက်မြို့ကို ပုပ်ရဟန်းမင်းကြီး ဆဌမမြောက် ဂျွန်ပေါလ်လာရောက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုကိုလာရောက်တဲ့ စတုတ္တမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။

XS
SM
MD
LG