သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်လွှတ်တော်မှာ ပုပ်ရဟန်းမင်း တရားဟောကြားမည်


အမေရိကန်ပြည်ထောင်စုကို သမိုင်းဝင်ခရီးရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်း လွှတ်တော်မှာ တရားဟောကြားမည်။

အမေရိကန် နိုင်ငံကို ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ အမေရိကန် လွှတ်တော်မှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မနေ့က သူ့ရဲ့ ပထမဆုံး ၀တ်ပြုဆုတောင်းပွဲကို ၀ါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ အမျိုးသား ဘုရားရှိခိုးကျောင်းမှာ ကျင်းပခဲ့ပါတယ်။ပုပ်ရဟန်းမင်းကြီး Francis ဖရန်စစ်ဟာ အမေရိကန် ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားမှာ ခရစ်ယန် ဘာသာ စတင် ပြန့်ပွါးအောင် လုပ်ခဲ့တဲ့ စပိန်လူမျိုး သာသနာပြု ဟူနီပဲရိုး စယ်ရာ Junipero Serra ကို သူတော်စင်အဖြစ် တင်မြှောက်တဲ့ ပွဲကိုလည်း ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပြဿနာတွေ လျော့ပါးစေရေးအတွက် ကူညီပြီး အမြန် အရေးယူ ဆောင်ရွက်ပေးဖို့လည်းမနေ့က ဗုဒ္ဓဟူးနေ့ မှာပန်ကြားခဲ့ပါတယ်။

အိမ်ဖြူတော်မှာ မနေ့က ပုပ်ရဟန်းမင်းကြီးကို နွေးထွေးစွာ ကြိုဆိုခဲ့တဲ့ အမေရိကန်သမ္မတ Barack Obama က အမေရိကန်နိုင်ငံသား တွေနဲ့တကွ ကမ္ဘာတဝှမ်းနေထိုင်သူအားလုံး က ကိုယ် နေထိုင်တဲ့ ကမ္ဘာကြီးကို ဝိုင်းဝန်းကာကွယ်ဖို့ ပြောကြားပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ပြောကြားချက်ကို သဘောတူလက်ခံ ခဲ့ပါတယ်။

မနေ့က သမ္မတ အိမ်ဖြူကနေ အပူဇော်ခံဖို့ ထွက်လာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးကို ခန့်မှန်းချေ လူပေါင်း ၁ သောင်းခွဲကျော်လောက်က ကြိုဆိုနှုတ်ဆက်ခဲ့ ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဝါရှင်တန်းဒီစီကနေ နယူးရောက်ကို သွားရောက်မှာ ဖြစ်သလို သူ့ရဲ့ ၆ ရက်ကြာ အမေရိကန်ခရီးစဉ် အဆုံးမသတ်ခင် တနင်္ဂနွေမှာတော့ လူပေါင်း သန်းချီတက်ရောက် လာနိုင်တယ်လို့ ခန့်မှန်းထားတဲ့ Philadelphia ပြည်နယ်က ကမ္ဘာတ၀ှမ်း မိသားစုများ တွေ့ဆုံပွဲမှာ တရားဟောပြောမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့ ညပိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ အီတလီနိုင်ငံ ရောမမြို့ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG