သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဗာတီကန်ဆုတောင်းပွဲ


(ဝဲမှယာ) အစ္စရေး သမ္မတ Shimon Peres၊ ပုပ်ရဟန်းမင်းကြီး Francis နဲ့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas တို့ ညနေပိုင်း ငြိမ်းချမ်းရေးဝတ်ပြုဆုတောင်းပွဲအပြီး ဗာတီကန် ဥယျာဉ်အတွင်းမှာ တွေ့ရစဉ်။ (ဂျွန် ၈၊ ၂၀၁၄)
(ဝဲမှယာ) အစ္စရေး သမ္မတ Shimon Peres၊ ပုပ်ရဟန်းမင်းကြီး Francis နဲ့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas တို့ ညနေပိုင်း ငြိမ်းချမ်းရေးဝတ်ပြုဆုတောင်းပွဲအပြီး ဗာတီကန် ဥယျာဉ်အတွင်းမှာ တွေ့ရစဉ်။ (ဂျွန် ၈၊ ၂၀၁၄)
အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးရရှိဖို့အတွက် Vatican မြို့တော်မှာ တနင်္ဂနွေနေ့က ပုပ်ရဟန်းမင်းကြီး Francis ဦးဆောင် ကျင်းပတဲ့ ဝတ်ပြုဆုတောင်း တွေ့ဆုံပွဲကို အစ္စရေးသမ္မတ Shimon Peres နဲ့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas တို့ တက်ရောက်ခဲ့ကြပါတယ်။ အခုလို အလားတူ ဝတ်ပြုဆုတောင်း - တွေ့ဆုံပွဲမျိုး အရင်က မကျင်းပဖူးခဲ့ပါဘူး။

ဒီဝတ်ပြုဆုတောင်းပွဲကို ရှေးရိုးခရစ်ယာန်အသင်းတော် ဂိုဏ်းချုပ်ကြီး၊ ခရစ်ယာန် ဂိုဏ်းချုပ်တွေနဲ့ ဂျူးနဲ့ အစ္စလာမ်ဘာသာတွေက ဘာသာရေးခေါင်းဆောင်တွေနဲ့ ဝတ်ပြုဆုတောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ၂ နာရီကြာတဲ့ ဒီ တွေ့ဆုံပွဲအတွင်း ခရစ်ယာန် သမ္မာကျမ်းစာအုပ်သစ်နဲ့ အဟောင်းတွေတို့အပြင် ကိုရမ် ကျမ်းစာအုပ်တွေထဲက ဘုရားစာတွေကို Hebrew လို့၊ Arabic လို၊ အင်္ဂလိပ်လိုနဲ့ အီတလီလို စတဲ့ ဘာသာစကား လေးမျိုးတို့နဲ့ ရွတ်ဖတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်တာဟာ စစ်ခင်းပြီး တိုက်ခိုက်နေကြတာထက်ပိုတဲ့ သတ္တိရှိဖို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး Francis က မစ္စတာ Abbas နဲ့ မစ္စတာ Peres တို့ကို ဝတ်ပြုပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒီနေရာမှာ သူပြောတဲ့ သတ္တိဆိုတာဟာ ငြိမ်းချမ်းရေးကို လက်ခံပြီး စစ်ပွဲတွေ၊ ပဋိပက္ခကို စွန့်ပယ်လိုစိတ်ရှိတဲ့ သတ္တိမျိုးကို ဆိုလိုကြောင်း ပုတ်ရဟန်းမင်းကြီးက ပြောပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ပြားပြီး သီတင်း ၂ ပတ်လောက်အကြာမှာ သူနဲ့အတူလာပြီး ဝတ်ပြု ဆုတောင်းကြဖို့ အစ္စရေးနဲ့ ပါလက်စတိုင်းသမ္မတတွေကို ပုပ်ရဟန်းမင်းကြီးက ပြီးခဲ့တဲ့လအတွင်းမှာ ရုတ်တရက် ဖိတ်ကြားလိုက်တာ ဖြစ်ပါတယ်။
XS
SM
MD
LG