သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီး ခရစ္စမတ်မှာပန်ကြား


ပုပ်ရဟန်းမင်းကြီး Francis ဟာ သူ့ရဲ့ ပထမဆုံး ခရစ္စမတ်နေ့တရားတော်မှာ တောင်ဆူဒန်နိုင်ငံနဲ့ ကမ္ဘာပေါ်က ပဋိပက္ခတွေဖြစ်နေတဲ့ အခြားနိုင်ငံတွေမှာ ငြိမ်းချမ်းရေး ရရှိစေဖို့ တိုက်တွန်းလိုက်ပါတယ်။

ခရစ်ယာန် ဘာသာရေးပြက္ခဒိန်မှာ အမြင့်မြတ်ဆုံး နေ့တနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့ ခရစ္စမတ် အခါသမယမှာ စိန့်ပီတာရင်ပြင်မှာ စုဝေးရောက်လာတဲ့ လူသောင်းဂဏန်းကို အသက် ၇၇ နှစ်အရွယ် အာဂျင်တီးနားလူမျိုး ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းဟောကြားခဲ့တာပါ။

တောင်ဆူဒန်နိုင်ငံမှာ လူမှုသဟဇာတမှု ရှိစေဖို့၊ နိုင်ဂျီးရီယား၊ ကွန်ဂို၊ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့ ဆွေးနွေးညှိနှိုင်းကြဖို့ ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ ပထမဆုံး ခရစ္စမတ်မိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။

အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်လာဖို့ကိုလည်း သူ့အနေနဲ့ ဆုမွန်ကောင်း ပေးခဲ့ပါတယ်။

တမန်တော် ယေရှုဖွားမြင်ရာ ပါလက်စတိုင်းအနောက်ဘက်ကမ်း Bethlehem မှာတော့ ခရစ်တော်ဖွားမြင်ရာ အထိမ်းအမှတ် လေးရာစုနှစ်က ဘုရားကျောင်းမှာ ဘုရားဖူးတွေ အပြည့်အနှက်ရှိခဲ့ပါတယ်။ ဘုရားကျောင်းရဲ့ ရှေးဟောင်းခန်းမဆောင်မှာတော့ ဖယောင်းတိုင်မီးတွေနဲ့ ဆုတောင်းသီချင်းသံတွေ ပြည့်လွှမ်းနေခဲ့ပါတယ်။
XS
SM
MD
LG